🌿 Spring Love 45 🌿

ابدأ من البداية
                                    

နောက်နေ့မနက်အမေဆေးရုံလာတော့ကလေးတွေလိုက်လာကြသည်။အခုလည်း
နို့တိုက်နေသည့်ဘေးထိုင်ကြည့်နေပြီး
အသည်းယားနေကြတာ။

"မားမားရေညီမလေးကစကားလည်းမပြောတတ်ဘူးနော် "

"မောင်လေးကလည်းညီမလေးကမနေ့ကမှ
မားမားဗိုက်ထဲကနေထွက်လာတာ
စကားပြောတတ်ပါ့မလား "

မောင်နှမနှစ်ယောက်အပြန်အလှန်ပြောနေတာတွေနားထောင်ပြီးသူတို့တွေသဘောကျပြုံးရီနေရသည်။

"ပါးပါး မားမားကလေသားတို့ထက်ညီမလေး
ကိုပိုချစ်မှာလား ပါးပါးကရော "

Jongin မှာသားငယ်စကားကြောင့်မျက်လုံးပြူးရပြီ။အငယ်ထပ်မွေးရင်ရှေ့
ကလေးနဲ့ပြသာနာအနည်းငယ်ရှိတတ်တယ်
ဆိုတာသူမေ့နေတာ။ဟုတ်သားဘဲ
သားငယ်နဲ့သမီးကြီးကိုခေါ်ထုတ်လာကာ
မုန့်သွားကျွေးရင်းချော့ရသည်။

"ကလေးတို့မားမားကညီမလေးထပ်မွေးလို့
အချစ်မလျော့ပါဘူးကွာ။
မားမားကမင်းလေးတို့အပေါ်အရမ်းချစ်တာ။သမီးကြီးကမှတ်မိတယ်မလား
ပါးပါးတို့တွေခွဲနေရတာလေ
အဲ့အချိန်သားငယ်ကိုမွေးတာ
ပါးပါးတောင်အနားမရှိဘူးသားငယ်လေးကို
တစ်ယောက်တည်းအားနဲ့မွေးခဲ့တာ။
မားမားရှေ့အဲ့လိုမပြောရဘူး
မားမားစိတ်မကောင်းဖြစ်သွားမယ် "

သူသေချာပြောပြတော့သားငယ်လေးကခေါင်းညိတ်လေရဲ့။အကြီးမလေးကလည်း
သူ့မောင်ကိုပြောပြနေလေရဲ့။ဟူး မလွယ်ဘူး
သားသမီးတွေစိတ်ဒဏ်ရာမရဖို့လည်းမိဘတွေဘက်ကတာဝန်ကြီးတယ်။

"ပါးပါးရောမားမားရောကသားနဲ့သမီးကို
တန်းတူချစ်တယ် ဟုတ်ပြီလား "

မောင်နှမနှစ်ယောက်ကိုပွေ့ဖက်နမ်းတော့သဘောကျနေလေရဲ့။

🌿

"မောင် နေ့လည်စာစားပြီးပြီလား
ကလေးတွေရော  "

Baekhyun ကလေးနို့တိုက်ရင်းအိပ်ပျော်သွားတာမောင်နဲ့ကလေးတွေအပြင်ထွက်သွားတာမသိလိုက်။

"စားပြီးပြီ အချစ်
ကိုယ်လေသားငယ်ကိုပြောပြရသေး..... "

အစောနကကိစ္စကိုပြောပြတော့အချစ်က

🌿 Spring Love 🌿حيث تعيش القصص. اكتشف الآن