စာစဉ် ၄၀ ( ၇ - ၁၀ )

Mulai dari awal
                                    

ကုန်ရွှီ ထိုပို့စ်ကို တင်လိုက်သည်နှင့် ကွန်မန့် ဘောက်စ်တွင်
မန့် တို့  ချက်ချင်းပင် ပလူပျံလာကြ၏…

[သောက်ကျိုးနဲ ဟားဟားဟားဟား…ငါ ခုနက ဘာကြီးမြင်လိုက်မိတာလဲ။ Weibo က ကြောင်နေတာများလား ။ ကုန်ရွှီက အကောင်းဆုံးသရုပ်ဆောင်ဆုကို ရအောင်ယူမယ်လို့  ပြောလိုက်တာလား]

[ဒါကတော့ ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲကွာ ။
ကုန်ရွှီ ရူးသွားတာလား ။ သူ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရဲရ တာလဲ ။ သူ့သရုပ်ဆောင်အရည်အချင်းကို သူ အသိဆုံးပဲ မဟုတ်ဘူးလား]

[အဲ့ဒါက အဓိကမဟုတ်သေးဘူး…အဓိကက သူ့ ဟာသူ ချီးစားမယ့်ကိစ္စကို ဘာလို့ မဆီမဆိုင် လျိုချန်းကိုပါ ဆွဲထည့်ရတာလဲ]

[ဟီးဟီးဟီးဟီး သူ ကြွားတာအရမ်းလွန်လွန်းတယ် ဆိုပေမယ့်လို့  ကုန်ရွှီက တစ်မျိုးလေး ချစ်ဖို့ ကောင်းတယ်လို့  ငါ ဘာလို့  မြင်နေမိတာလဲ]

…..

ကုန်ရွှီနှင့် သူ့ ပရိသတ်များ၏ ဆက်ဆံရေးမှာ မဆိုး၍သာ တော်သွား၏ ။ မကောင်းသည့်မှတ်ချက်တချို့ တလေအပြင် အများစုမှာ ၀ိုင်းဝန်းစနောက် ထားကြသည့် မန့် များသာ ဖြစ်ကြလေသည် ။ လျိုချန်းနှင့် ကုန်ရွှီ၏ CP ဖန်တို့ သည် ပျော်ပျော်ပါးပါးကြီး ၀ိုင်းဝန်းကာ သဘောင်္စီးကြတော့ရင်း
မန့် ကြီးတစ်ခုလုံးကို ထိန်းထားကြလေသည် ။

ရီဝမ်ဝမ် လှန်လှောကြည့်ပြီးသွားချိန် ဖုန်းဝင်လာသည် ။

တုံကျိုက် သူမအား ဖုန်းခေါ်လာခြင်းပင် ။
“အစ်ကို ရီ….မကောင်းတော့ဘူး ။
ကုန်ရွှီ ထပ်ပြီးတော့ ပြသနာရှာလိုက်ပြန်ပြီ…”

ရီဝမ်ဝမ် အသက်ကိုရှူလိုက်၏ ။
“အင်း..ငါ သိတယ် ။ အခုလေးတင် မြင်ပြီးပြီ”

“ကျွန်တော် တောင်းပန်ပါတယ် ။ အစ်ကို ရီ..ကျွန်တော်
သူ့ ကို မထိန်းနိုင်ခဲ့ဘူး…။ အစ်ကို ရီ..ကျွန်တော်တို့  အခု ဘာလုပ်ကြမလဲ ။
အစ်ကို ရွှီ က ပို့ စ် ဖျက်ရမှာထက်ကို အသေပဲခံမယ်တဲ့ ။
သူ တကယ်ကြီး လိုက်ဖ်လွှင့်ပြီးတော့ ချီးစားပြမလို့လား…”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Tempat cerita menjadi hidup. Temukan sekarang