စာစဉ် ၄၀ ( ၇ - ၁၀ )

Start from the beginning
                                    

သရုပ်ဆောင်ညံ့ဖျင်းလွန်းသူကို ပြပါဆိုလျှင် လူတိုင်းက ကုန်ရွှီကိုသာ ဒက်ခနဲ ပြေးမြင်မိကြသည်အထိပင် ။

ရီဝမ်ဝမ်သည် ကျောက်ကျောက် တိတ်တိတ်လေး ကြည့်ခဲ့သည့် ထိုနာမည်ကြီးနေသည့်ဗွီဒီယိုကို ကြည့်လိုက်ပြီး ဟိုလှန်ဒီလှန် ကြည့်နေသည်။ ထိုဗွီဒီယိုမှာ ကုန်ရွှီ၏သရုပ်ဆောင်မကောင်းသည့် ဇာတ်လမ်းများထဲက တစ်ခုအဖြစ် စာရင်းထုတ်ထားခံရ၏ ။

ဒီကောင်မလေးကတော့လေ…သူမရဲ့အကြိုက်က မထူးခြားလွန်းဘူးလား..

ကျောက်ကျောက်သည် အရမ်းဝမ်းနည်းငိုကြွေးရသည့် ဇာတ်လမ်းမျိုးကို အလွန်ချစ်မြတ်နိုးသူ ဖြစ်၏ ။
ထို့ ကြောင့်ပင် ကုန်ရွှီ၏ထိုဇာတ်လမ်းမှာ
သူမ၏အသည်းစွဲဖြစ်နေရခြင်းဖြစ်၏…

ကုန်ရွှီအား ပုတ်ခတ်ထားသည့်ထိုခေါင်းကြီးပိုင်းအပြင် သိပ်မကြာသေးခင်ကမှ တက်လာခဲ့သည့် ကုန်ရွှီ၏ Weibo ပို့ စ်သည်လည်း နာမည်ကြီးနေသည် ။

[သေလေ…။ မင်းတို့ တွေ တစ်နေ့ တစ်နေ့  ငါ့ကိုပဲ လာလာခလုတ်တိုက်နေ ကြတယ် ။ ငါ့ရဲ့သရုပ်ဆောင်စကေးက ဆိုးဝါးတယ်…ဟုတ်လား ။ အဲ့ဒါက ငါ မလုပ်ချင်လို့ ကွ ။ ငါသာ တကယ်သရုပ်ဆောင်လိုက်ရင် ငါ့ကိုယ်ငါတောင် ပြန်လန့် မိတယ် ။ သရုပ်မဆောင်တတ်ဘူး..ဘာအရည်အချင်းမှ မရှိဘူး.. ဟုတ်လား ။ ဒါဆို ငါ့ရဲ့နောက်ထွက်မယ့်ဇာတ်လမ်းနဲ့  ရွှေသစ်ခွအကောင်းဆုံး သရုပ်ဆောင်ဆုကို ယူပြပြီးတော့ မင်းတို့ ရဲ့မျက်ခွက်ကို အဲ့ဒါနဲ့ ကောက်ပေါက်ပြမယ်..ဟုတ်ပီလား ။ ရွှေသစ်ခွဆုကို ငါ မရဘူးဆိုရင်.. လိုက်ဖ် လွှင့်ပြီးတော့ကို လျိုချန်းနဲ့ အတူတူ ချီးစားပြမယ် ။ ဒီပို့ စ်က ငါ့ရဲ့သစ္စာစကားပဲ၊
ငါ ဒီပို့ စ်ကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူး]

ဤWeibo ပို့ စ်သည်ကား ရီဝမ်ဝမ်ကို အမှန်တကယ်ပင် ခေါင်းအကြီးကြီး စားစေသည့်ပို့စ်ပင် ။

ကုန်ရွှီ..ဒီဟာလေးကတော့လား..လုပ်လိုက်ရင် အမြဲတမ်း အကြီးကြီး တွေချည်းပဲ…

အဓိကအချက်က မင်းဟာမင်း ချီးစားရင် စားလေ ။
ဘာကိစ္စနဲ့  လျိုချန်းကိုပါ မဆီမဆိုင် ဆွဲထည့်ရတာလဲ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now