အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်

Start from the beginning
                                    

"ဟုတ်ကဲ့ သခင်လေး"

သူ့သခင်လေး သူ့အား စိတ်မဆိုးတော့သောကြောင့် ယွီလေး တော်တော်ဝမ်းသာသွားရသည်။ သူ၏ သခင်လေးသည်လည်း သူ့အတွက်တော့ ချစ်ရသော သခင်တစ်ယောက်ပင်။

ရီဟွား ကုန်သွားသော လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်ငှဲ့ရန် အိုးအား လှမ်းယူလိုက်စဉ် ခြံဝန်းတံခါးမှ သူ့ဆီလျှောက်လာသော အရိပ်တစ်ခုအား မျက်လုံးထောင့်မှ မြင်လိုက်ရသောကြောင့် လှမ်းကြည့်လိုက်သည်။

အကိုကြီးသည် သူရှိရာဆီသို့ တစ်လှမ်းချင်း လျှောက်လာလေသည်။ ရီဟွား လက်ဖက်ရည်အိုးအား ချထားလိုက်ပြီး အကိုကြီးရောက်အလာကို စောင့်နေလိုက်သည်။

သူ့အနီးရောက်သောအခါ ဘေးနားတွင် မတ်တပ်ရပ်လိုက်သောကြောင့် ရီဟွား ထိုင်ခုံအား ဆွဲယူလိုက်ပြီး အကိုကြီးအား ထိုင်ရန်ပြောလိုက်သည်။

"အကိုကြီး ထိုင်လေ"

"မထိုင်တော့ဘူး ဟွားအော်...မင်းကြီးက ဟွားအော်ကို ခိုင်းစရာလေးရှိလို့ နန်းတွင်းလာဖို့ အမိန့်ပေးလိုက်လို့ အကိုကြီး လာပြောတာ"

"ကျွန်တော် နေမကောင်းဘူးလို့ အကြောင်းပြန်ပေးပါ အကိုကြီး"

"အိမ်ရှေ့မှာ လှည်းယာဉ်ရောက်နေတယ်...အထိန်းတော်ကြီးလည်းပါတယ်...ဟွားအော် နေမကောင်းဘူးဆိုရင် နန်းတွင်းကိုလှည်းယာဉ်နဲ့လိုက်ခဲ့ပါတဲ့...သမားတော်ကြီး စမ်းသပ်စစ်ဆေးပေးမယ်ပြောတယ်...ဟွားအော် မင်းကြီးကို ဘာလို့ညာရတာလဲ...တစ်ခုခုဖြစ်ထားလို့လား"

အကိုကြီး၏ စကားကြောင့် ရီဟွားစိတ်ညစ်သွားရသည်။ သူ့အား ချည်တုပ်ကာ မလာမနေရ လုပ်သွားပြန်ပြီလေ။ ဉာဏ်များလွန်းသော ရှင်းသည် တကယ်စိတ်တိုဖို့ကောင်းလွန်းသည်။

"ဘာမှ မဖြစ်ပါဘူး အကိုကြီး...ကျွန်တော် လိုက်သွားလိုက်မယ်...ကျွန်တော့်ကို စိတ်မပူပါနဲ့"

အကိုကြီးသည် အမြဲတမ်း သူ မဖြေချင်သော မေးခွန်းအား နှစ်ခါထပ် မမေးတတ်။ ခေါင်းညိတ်ပြလာသော အကိုကြီးအား နှုတ်ဆက်ကာ ရီဟွား အိမ်ရှေ့သို့ထွက်လာလိုက်သည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now