အပိုင်း(၂၁) မျှော်လင့်မထားသော လက်ထပ်ခွင့်

Start from the beginning
                                    

"သခင်လေး မှတ်ဉာဏ်တွေ မပျောက်ခင် စစ်သူကြီး စစ်တိုက်မထွက်ခင်လောက်တုန်းက သခင်လေးအတွက် စိုးရိမ်လို့ အနီးကပ်အစေခံတစ်ယောက် ရွေးချယ်ခဲ့တယ်...အဲဒီမှာ ကျွန်တော်က အရှင့် အမိန့်ကြောင့် စစ်သူကြီးအိမ်တော် ဝင်ဖို့လိုလို့ ယွီလေးဆိုတဲ့ နာမည်နဲ့ အစေခံဝင်လုပ်ခဲ့တာ...သခင်လေးက ကျွန်တော့်ကို အနီးကပ်အစေခံအဖြစ် ရွေးချယ်ခဲ့တာပဲ"

ယွီလေးအား အနီးကပ်အစေခံအဖြစ် မူလဝူရီဟွားက ရွေးချယ်ခဲ့ခြင်းပင်။ ကြည့်ရတာ မူလဝူရီဟွားလည်း သွက်လက်ချစ်စရာကောင်းသော ယွီ​လေးအား အနီးကပ်လူယုံအဖြစ် ရွေးချယ်ရန် သဘောကျခဲ့ပုံရသည်။

"မှတ်ဉာဏ်တွေ ဖျောက်မပစ်ခင်က သူတို့တိုက်ခိုက်တာ မြင်ခဲ့တာ ခုလို ငါ့ခြံဝန်းထဲမှာတော့ မဟုတ်ဘူးမလား"

"မဟုတ်ဘူး...အဲဒီတုန်းက သခင်လေး ညဘက်ကြီး နန်းတွင်းဝင်ပြီး ဝမ်ရယ်ကို သွားတွေ့မယ် လုပ်တာ...အဲဒါ နန်းတွင်း မဝင်ခင် နန်းတော်အပြင်ဘက်မှာ အရှင်နဲ့ အမှောင်နတ်ဘုရား တိုက်ခိုက်တာကို မတော်တဆတွေ့သွားခဲ့လို့"

ရီဟွား တော်တော်စိတ်တိုသွားရသည်။

သူတို့ဖာသာ နေရာမရှောင်ဘဲ အစွမ်းတွေထုတ်သုံးပြီး သူများမှတ်ဉာဏ်တွေ အားနာမှုအလျဉ်းမရှိ ဖျောက်ပစ်ကြတယ်လေ။ မူလဝူရီဟွားအတွက် တော်တော်စိတ်တိုစရာလုပ်ရပ်ကြီးပင်။

ရီဟွား ယွီလေးအား မေးလို့မရသည့် သူ နားမလည်နိုင်သော အချက်တစ်ချက်ရှိနေသေးသည်။ မှတ်ဉာဏ်ဖျောက်ပစ်ပြီးချိန် သူဘာလို့ ဝူရီဟွား ကိုယ်ထဲရောက်လာရခြင်းကိုမူ ခုထိနားမလည်နိုင်သေးပေ။ မူလဝူရီဟွား၏ မတရားစွာ သေဆုံးခဲ့ရသော ဇာတ်ကြောင်းကံကြမ္မာအား ပြင်ဆင်ရန် ကံတရားကြီးက သူ့အား စေခိုင်းခြင်းပေလား။

"သခင်လေး...အရှင့်ကိုရော စိတ်ဆိုးတုန်းလား"

"သူ့အကြောင်းလာမပြောနဲ့"

သခင်လေး သူ့ကိုပါ ပြန်စိတ်ဆိုးသွားမည် စိုးသောကြောင့် ယွီလေး ပါးစပ်ပိတ်နေရသည်။

"သြော် ဒါနဲ့ အကိုကြီးက ညီဝမ်းကွဲလေးကို မတွေ့လို့ မေးလာခဲ့ရင် သူ အရင်နေခဲ့တဲ့ ရွာကို ပြန်သွားတယ်ပြောလိုက်...အရမ်းရင်းနှီးခဲ့သူ ဆုံးသွားတာမို့ အလောတကြီးပြန်သွားရလို့ လာမနှုတ်ဆက်နိုင်တာလို့"

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now