'ဘာကိစ္စရှိလို့ရောက်လာတာပါလဲ'

'ဘာလဲ ငါက ငါ့သမက်လေးကိုတောင်လာတွေ့လို့မရဘူးလား'

'မဟုတ်ပါဘူး။ထွေထွေထူးထူးကိစ္စရှိမယ်ထင်လို့ပါ'

'ရှိတယ်။ပထမတစ်ခုက ယောလ်လေး စစ်ပွဲမှာရှုံးနေတယ်'

ဝမ်ယော စကားကြောင့် ဝမ်အွန်း ကြောင်သွားသည်။ဝမ်ယောလ် ဆိုသည့် လူသားက အရှုံးကိုကြိုက်တာမှမဟုတ်ဘဲ။

'ဒါပေမဲ့ ငါတို့ဘက်က ရှုံးသွားတဲ့မြေကလွဲရင် တပ်သားဆုံးရှုံးမှုကနည်းတယ်။ပြီးတော့ ဘတ်ဂျယ် က အိမ်ရှေ့စံ မင်းသားကိုယ်တိုင်တိုက်တာ။ဒါပေမဲ့ ယူဆော တော့မဟုတ်ဘူး'

'ယူဆော မဟုတ်ဘူးလား'

'အိမ်ရှေ့စံ အပြောင်းအလဲဖြစ်ထားပုံပဲ။အဲ့ဒါထားပါ။ခင်ပွန်းက ပင်ပင်ပန်းပန်းတိုက်ပွဲဝင်နေချိန်မှာ မင်းက ကောင်းကောင်းစားကောင်းကောင်းအိပ်နေမှတော့ ရှုံးပြီပေါ့။အဲ့ဒါကြောင့် မနက်ဖြန် နတ်နန်းကိုသွားပြီး ဆုတောင်း'

'နောက်နေတာလား။နတ်နန်းကိုယောကျာ်းလေးဝင်ခွင့်မရှိဘူး'

'ဒါပေမဲ့ မင်းက ကြင်ယာတော်လေ။ငါပြောတာသဘောပေါက်မှာပါ'

ဝမ်အွန်း မျက်နှာတင်းသွားတာကြောင့် သူမ အားရသလိုပြုံးလိုက်ပြီး

'ပြီးတော့ ယောလ်လေး မသွားခင်ကတည်းက မင်းကိုစောင့်ရှောက်ဖို့ ကိုယ်ရံတော်ရှာပေးသွားတယ်'

သူ့အရပ်လောက်ပဲရှိပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ရှေ့တွင် ဒူးထောက်ခစားလာသည်။

'ဒိုဂျောင်ဆူး တဲ့။စစ်သူကြီး ကင်ဂျုံအင် တပ်ထဲက ကောင်လေး။မင်းကို သေချာကာကွယ်ပေးနိုင်မှာပါ'

ဝမ်ယော ဆက်ပြောတဲ့စကားတွေကို သူမကြားတော့။အရင်တစ်ယောက်ကို ဝမ်ယောလ် အိပ်ယာထဲပို့ပြီးပြီ။ဒါတောင်လက်မလျှော့တဲ့သူ နောက်တစ်ယောက်တဲ့လား။ဒီပုံစံအတိုင်းသာဆိုရင် ဝမ်ယောလ် ရဲ့ မောင်းမဆောင်ထဲ ယောကျာ်းလေးကြင်ယာတော်တွေပြည့်နေတော့မှာပဲ။

ဝမ်ယော ပြောချင်ရာပြောပြီး ထွက်သွားတာတောင် ဝမ်အွန်း သတိမထားမိဘဲ ပင်ကွင်းကောင်လေးလို မျက်လုံးပြူးပြူးလေးနဲ့ ကောင်လေးကိုသာ ကြည့်နေမိသည်။သူဆိုတော့ ကြင်ယာတော်ပုံလေးနဲ့ ပိုလိုက်မှာ။

The ThroneWhere stories live. Discover now