မြန်မာနိုင်ငံကိုခုမှပြန်ရောက်ပြီး လေယာဉ်ကွင်းရှေ့က ဖိုးဖိုးလာကြိုခိုင်းထားတဲ့ ကားပေါ်ကိုတက်လိုက်ကာ ခနမှေးနေလိုက်တယ်။ ဖိုးဖိုးက သူ့ကျန်းမာရေးကို အကြောင်းပြပြီး သူ့လုပ်ငန်းတွေကို ဦးစီးဖို့ကို မလာမချင်း ပြန်ခေါ်နေတော့ ကျွန်တော်လည်း ဟိုကရှိတဲ့ အလုပ်မှန်သမျှကို လက်စသတ်ကာ မြန်မာပြည်ကို ပြန်လာခဲ့တယ်။ ရှိသမျှအလုပ်ကို အကုန်ပြီးပြတ်အောင်ဖြတ်ခဲ့ရတာကြောင့်ရယ် လေယာဉ်စီးပြီးလာခဲ့ရတာရောကြောင့် လူကလည်းနုံးချိချိနဲ့မို့ ခနလေးလောက်မှေးလိုက်ချင်တာကြောင့် ဖိုးဖိုးဖုန်းခေါ်တာကို မကိုင်ဘဲ နေလိုက်တော့ သူ့တပည့်တွေရဲ့ဖုန်းကို ခေါ်ပြီး ကိုယ့်ကိုဖုန်းပေးခိုင်းတယ်။အိမ်ရောက်လည်း တွေ့ရမှာပဲကို ပြန်မဖြေမချင်း ဖုန်းကိုပေးခိုင်းနေတာကြောင့် ကျွန်တော်လည်း
ပြန်ဖြေလိုက်တော့မှ ပြောချင်တာတွေပြောပြီး ဖုန်းချသွားတယ်။ ကျွန်တော်ခေါင်းမာတာ...ဖိုးဖိုးနဲ့ တူတာဖြစ်မယ်။

...................................

ကျွန်တော်တို့ကားခြံထဲဝင်လာတော့ အိမ်ရှေ့က ပန်းခြံထဲက ခုံပေါ်မှာထိုင်နေပြီး စာဖတ်နေတဲ့ ဖိုးဖိုးတွေ့ရတယ်။ ကားဝင်လာတော့ တစ်ချက်လှမ်းကြည့်ပြီး စာအုပ်ကိုပြန်ဖတ်ချင်ယောင်ဆောင်နေတယ်။ ကြည့်ရတာ ကျွန်တော်ပြန်လာတာကို စောင့်နေပုံပဲ.....။

"Hi! My Grandpa.." ဆိုပြီး ဖိုးဖိုးကို ပြေးဖက်လိုက်တော့

"ဟေ့ကောင်.....မကြီးမငယ်နဲ့....."

"ဖိုးဖိုးကလည်း......ကိုယ့်အဖိုးနဲ့မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ....."

"အပိုတွေပြောနေတယ်.....ရောက်တုန်းကကျ ဖုန်းတောင်တစ်ချက်မဆက်ဘဲနဲ့....."

"ဟာ......ဖိုးဖိုးကလည်း......
အဲ့တာကို ဖုန်းထဲကနေ ပြောပြီးပြီလေ...
လာပါ ဖိုးဖိုးရာ အိမ်ထဲဝင်ပြီး စကားပြောကြမယ်လေ....." လို့ပြောပြီး ဖိုးဖိုးနဲ့အတူ အိမ်ထဲဝင်လာခဲ့တယ်။

အိမ်ထဲရောက်တော့ မြေးဖိုး၂ယောက် ဧည့်ခန်းမှာ ဝင်ထိုင်ကာ ဖိုးဖိုးက

"ပြည့်လျှံ.....မြေးရေ....ဒီကိုခနလာပါဦး" ဆိုပြီး တစ်စုံတစ်ယောက်ကိုလှမ်းခေါ်နေတယ်။

MY ONLY ONE (completed)Waar verhalen tot leven komen. Ontdek het nu