အခန်း ၈၇။ ရိပေါ်က စားလို့မရဘူး (ဇာတ်သိမ်းခန်း)

4.6K 273 33
                                    

ရှောင်းကျန့်ဆေးရုံတက်နေရသောအချိန်ကာလအတွင်း အနုပညာလောက၌ ကိစ္စအတော်များများ ဖြစ်ပျက်သွားခဲ့သည်။

ရှောင်းကျန့်ကိုလုပ်ကြံမှုဖြင့် လျိုပိုင်ယွီအဖမ်းခံရရုံသာမက အဖွဲ့လိုက်မူးယစ်ဆေးသုံးနေသောပုံများပါ အွန်လိုင်းပေါ်သို့နေရာအစုံမှ ပလူပျံကာတက်လာသည်။

သည်ကိစ္စမှာ ပါ၀င်သူအတော်များများက ထင်မှတ်မထားရလောက်အောင် နာမည်ကြီးသူတွေမို့ ပရိတ်သတ်များအကြား အတော်ကလေးလည်း ပွက်လောရိုက်သွားရသည်။

ရိပေါ်ကတော့ သတိရပြီးရက်အတော်ကြာသည်အထိ ရှောင်းကျန့်ကိုဆေးရုံမှမဆင်းခိုင်းပေ။ သည်တော့လဲ ရှောင်းကျန့်တစ်ယောက် အွန်လိုင်းမှတစ်ဆင့်ပင် အပြင်ဘက်မှာဘာတွေဖြစ်ပျက်နေသည်ဆိုတာကို ရှာဖွေစုံစမ်းခဲ့ရတော့သည်။

သူထင်သည့်အတိုင်းပင် I & K အေဂျင်စီကတော့ CEOနှင့်အတူ ရက်ပိုင်းလေးအတွင်းချုံးချုံးကျသွားခဲ့ပါလေပြီ။ နောက်ကွယ်မှတရားခံက ဘယ်သူလဲဆိုတာကိုတော့ နှစ်ခါပြန်ပင်စဉ်းစားနေဖို့ပင် မလိုအပ်တော့ပါချေ။

ရှောင်းကျန့်သတိရပြီးနောက်ပိုင်း ပြတိုက်မှူးအန်ကယ်လ်လင်းတို့သာမက အခြားသောအနုပညာလောကမှ မိတ်ဆွေတွေလည်း သတင်းလာမေးကြသလို ဖခင်ဖြစ်သူနှင့်အစ်ကိုကလည်း ဆေးရုံသို့လာတွေ့ကြပြီး ရိပေါ်ကိုကျေးဇူူးတင်စကားဆိုကြသည်။

အနီးအနားတွင် မည်သူမျှရှိမနေချိန် ရိပေါ်ကယ်တင်ပေးခဲ့လို့သာ ရှောင်းကျန့်တစ်ယောက်မီးထဲမှာ မသေဆုံးခဲ့ခြင်းပင်မဟုတ်ပါလား။

ထျန်းယွီ၏ အိမ်တစ်၀က်လောက်ကတော့ မီးထဲပါသွားခဲ့ရှာသည်။ သည်တော့ဖြိုချပစ်ကာ ပြန်လည်ဆောက်ရမည့်အချိန်အတွင်း ဦးလေးဖြစ်သူထံတွင် သွားနေရပေတော့မည်။

ရှောင်းကျန့်ကိုပါ အတူနေဖို့ခေါ်ချင်သော်ငြား နှစ်ဦးစလုံးက တာ၀န်ကိုယ်စီနှင့်မို့ အိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့ရာ စိတ်မချနိုင်ကြပေ။

နောက်ဆုံးတော့ သားဖြစ်သူကိုစောင့်ရှောက်ပေးပါရန်မှာကြားကာ ရိပေါ်၏လက်ထဲသို့သာ အပ်နှံလိုက်ရပါတော့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now