အခန်း ၃၄ - အိတ်ပုတ်လေးကို အိပ်ရာပေါ်ချီခေါ်မယ်

4K 377 4
                                    

အခန်း ၃၄ - အိတ်ပုတ်လေးကို အိပ်ရာပေါ်ချီခေါ်မယ်...

သူတို့အားလုံး စားမှုသောက်မှုကိစ္စရပ်အားလုံး ပြီးစီးသွားသည့်နောက်မှာ ရိုက်ကူးရေးကိုပြန်လည်စတင်ကြသည်။ နောက်ထပ် scene အနည်းငယ်ကလည်း စာကြည့်တိုက်မှာပင် ရိုက်ကူးရတာဖြစ်သည်။

ဇာတ်ညွှန်းထဲတွင် မုရှောင်ချင်းဟန်ဆောင်ထားသောပိုင်စစ်ယွမ်နှင့် ကျင်းယွမ်ရှင်းတို့က စာကြည့်တိုက်မှာ မကြာခဏဆုံမိရင်း မျက်မှန်းတန်းမိသွားခ့ဲကြတာ မဟုတ်ပါလား။

စာကြည့်တိုက်မှာ ရိုက်ကူးရမည့် scene တွေအားလုံး ပြီးသွားသည့်နောက် အခြားကျန်သည့် sence တွေ ရိုက်ကူးရင်း နေ့ရက်တွေတဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။

ရုပ်ရှင်အဖွဲ့သားများလည်း အချင်းချင်းပိုမိုရင်းနှီးလာကြသည်။ ရှောင်းကျန့်ကတော့ သူ့ scene မပါသည့်ရက်တွေမှာ ရင်ချွမ်းဟွားရဲ့ ၀တ်စုံတွေအတွက် ဓာတ်ပုံရိုက်ရသည်။

အချို့ရက်တွေမှာတော့ ယဉ်ကျေးမှုပြတိုက်ကိုသွားဖြစ်သည်။ ရိုက်ကူးရေးလုပ်နေရတာကြောင့် ပြတိုက်ကိုမရောက်တာ ကြာပြီမဟုတ်ပါလား။

နေ့ရက်များတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အတူ ၀မ်းနည်းစရာနေ့ရက်တစ်ရက်ကို ကြုံဆုံရတော့မည်ဆိုတာကိုတော့ ရှောင်းကျန့်တစ်ယောက် နည်းနည်းကလေးမျှ မရိပ်မိခဲ့ပါ။

ထို့အပြင် ထိုနေ့မှာပင် သူ့ဘ၀၏ပထမဆုံးနှင့် နောက်ဆုံးသောအချစ်ကို တွေ့ရှိလိမ့်မည်ဆိုတာလည်း မတွေးခဲ့မိပါချေ။

*****

[Love Knot]

သည်နေ့က ကျောင်းပိတ်ရက်ဖြစ်သည်။ တစ်နည်းအားဖြင့် မုရှောင်ချင်းအဖြစ် ဟန်ဆောင်ကာနေထိုင်ရင်း ကျင်းမင်ယွဲ့တို့မောင်နှမကို သူမတို့အိမ်တွင် စာသင်ပေးရမည့် ပထမဆုံးနေ့။

ကျင်းမင်ယွဲ့တစ်ယောက် ကျောင်းတွင်အနိုင်ကျင့်ခံရသည်ကို သူ၀င်ရောက်ကူညီပြီးနောက် မိခင်ဖြစ်သူက သူနှင့်ဆွေးနွေးခဲ့သည်။ ဒါကတော့ ကျောင်းပိတ်ရက်မှာ သူမ၏သားနှင့်သမီးကို guide လုပ်ပေးရန်ဖြစ်သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now