အခန်း ၄၆ - ချစ်သည်ထက်ပို၍ မြတ်နိုးရသည်

3K 305 11
                                    

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက...

စကြဝဠာမှာ ကောင်းကင်နှင့်မြေပြင်ဟူ၍ ပထမဆုံးပေါ်ပေါက်လာချိန်မှာ မူလက သဘာ၀အတိုင်းရှိနေသော ချီစွမ်းအင်ဟာ အပိုင်းနှစ်ပိုင်းကွဲသွားခဲ့သည်။

သန့်စင်မွန်မြတ်သော ချီစွမ်းအင်က ကောင်းကင်ဘုံကို ရောက်ရှိသွားကာ မသေမျိုးနတ်ဘုရားတွေဖြစ်လာခဲ့ပြီး ညစ်ညမ်းသောချီတွေကတော့ မြေကြီးထဲနစ်မြုပ်သွားပြီးနောက် မိစ္ဆာနတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားကြသည်။

နတ်ဘုရားများက သာမန်သေမျိုးလူသားတွေ သူတို့ကိုလိုအပ်ချိန်မှာ ကောင်းချီးပေးကာ ကူညီကြသော်လည်း မိစ္ဆာတွေကတော့ သူတို့၏ဖြစ်တည်မှုအပေါ် မကျေမနပ်ဖြစ်ကာ အခွင့်အရေးရတိုင်း လူသားတွေကိုဒုက္ခပေးရင်း ကောင်းကင်ဘုံကို စိန်ခေါ်လေ့ရှိကြသည်။

ကျောက်စိမ်းဧကရာဇ်ဟန်ကျင်း လက်ထက်မှာတော့ ရဲရင့်ထက်မြက်ပြီး သုံးလောက၏အေးချမ်းမှုအတွက် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြသည့် နတ်ဘုရားများကြောင့် သောင်းကျန်းထကြွနေသောမိစ္ဆာများ အထိနာခဲ့ရသည်။

စစ်နတ်ဘုရားက မိစ္ဆာဘုရင်ကို လျှို့၀ှက်နေရာတစ်ခုမှာ စည်းအထပ်ထပ်ဖြင့် ပိတ်လှောင်ထားခဲ့သည်။ ထိုကာလနောက်ပိုင်း ကွယ်ဝှက်နေထိုင်ကြသော မိစ္ဆာအနည်းငယ်မှလွဲ၍ လူသားများကို ဒုက္ခပေးလိုသောမိစ္ဆာများ မရှိသလောက်နည်းပါးသွားခဲ့သည်။

ထိုကြောင့် လူသားတွေလည်း ဟိုအရင်လိုပျော်ရွှင်စွာနေနိုင်လာကြပြီး နတ်ဘုရားများကို ယခင်ထက်ပိုပြီး ကိုးကွယ်ပူဇော်လာကြတော့သည်။

သုံးလောကလုံး အေးချမ်းနေပြီဆိုကာမှပင် မထင်မှတ်စရာ အဖြစ်အပျက်တစ်ခုဟာ ကောင်းကင်ဘုံမှာ ဖြစ်လာခဲ့တော့သည်။

ထိုအရာကတော့ မိစ္ဆာနတ်ဆိုးများကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ပြီး ကျောက်စိမ်းဧကရာဇ်၏ အားထားခြင်းကိုခံရသော 'ကောင်းကင်ဘုံ၏သူရဲကောင်း'ဟု ကင်ပွန်းတပ်ခြင်းခံရသော စစ်နတ်ဘုရားနှင့် အိမ်ရှေ့စံတို့ အမျိုးသားအချင်းချင်း ချစ်ကြိုက်နေခဲ့ကြတာပဲဖြစ်လေသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now