အခန်း ၇၃။ ထောင်ဟွား... ကိုယ့်ရဲ့အသက်တမျှမြတ်နိုးရသူ။

1.8K 216 12
                                    

ရှောင်းကျန့်အိပ်ရာမှနိုးတော့ မိုးစင်စင်လင်းချေပြီ။ ညကဒဏ်ရာအရှိန်ရယ် ရိပေါ်ကိုစိတ်ပူနေတာရယ်ကြောင့် ကောင်းကောင်းအိပ်မရဘဲ မိုးလင်းကာနီးမှ မှေးခနဲအိပ်ပျော်သွားခဲ့တာမို့ အခုတော့လူက အိပ်ရာကနေမထချင်။

ကျိန်းစပ်စပ်မျက်လုံးကို မှိတ်ချည်ဖွင့်ချည်လုပ်ကာ လာနှိုးသူကိုကြည့်မိတော့ ကျန်းရိရွှမ်ဖြစ်နေသည်။ အရှင့်သားတို့မြို့တော်ကိုပြန်ရောက်လာပြီဆိုတာ လာအသိပေးတာဖြစ်သည်။

ထို့နောက်ညီအစ်ကိုနှစ်ဦးသား မယ်တော့်ကိုနှုတ်ဆက်ကာ အိမ်တော်မှထွက်လာတော့ ပြည်တော်ပြန်၀င်လာသည့်တပ်က နန်းတော်သို့ပင် ရောက်ရှိသွားချေပြီ။ ထို့ကြောင့်သူတို့ညီအစ်ကိုလည်း နန်းတော်ဆီသို့သာ ဆက်လက်ဦးတည်လိုက်သည်။

သူတို့နှစ်ဦး နန်းတော်ကိုရောက်တော့ ရိပေါ်နှင့်စစ်သူကြီးတွေက တိုက်ပွဲနှင့်ပါတ်သတ်သောအကြောင်းအရာများကို ညီလာခံမှာပြန်လည်တင်ပြနေသည်မို့ ညီလာခံကျင်းပရာခန်းမဆောင် အပြင်မှာစောင့်နေလိုက်ကြလေသည်။

ရိပေါ်ရဲ့ရင်ဘတ်က ဒဏ်ရာကသက်သာသွားပြီလား။ သူ့လက်ကဒဏ်ရာလိုများ လက်နက်မှာ အဆိပ်ပါနေသေးလား။ တိုက်ပွဲမှာတခြားဒဏ်ရာတွေများရလာသေးလား။

ရှောင်းကျန့်တစ်ယောက် အမျိုးစုံတွေးမိရင်း ဂနာမငြိမ်ဖြစ်နေရသည်။ ရိရွှမ်ကတော့ အစ်ကိုဖြစ်သူ၏ အလီလီနွှဲခဲ့သောတိုက်ပွဲစွမ်းရည်ကြောင့့် ကြီးကြီးမားမားဒဏ်ရာ မရလာလောက်ဘူးဆိုတာ ယုံကြည်ထားမိသည်။ ပြီးတော့ သူ့ဖခင်ရောပေါ့။

"ဒီကသခင်လေးတို့"

ခေါ်သံကြားတာကြောင့် လှည့်ကြည့်မိတော့ ရိပေါ်၏မယ်တော်နန်းဆောင်မှ အစေခံအမျိုးသမီးကြီးဖြစ်နေသည်။ မယ်တော်ကြီးက အခေါ်လွှတ်လိုက်သည်ဆိုတာကြောင့် ရိပေါ်ကိုစောင့်နေချင်သေးပေမယ့်လည်း နောက်ကလိုက်သွားလိုက်သည်။

ညီလာခံတွင် တင်ပြစရာကိစ္စရပ်များအားလုံးပြီးသည့်နောက် ရိပေါ်တို့ပြန်ထွက်လာတော့ ရိရွှမ်ကိုတွေ့လိုက်ရသည်။ ရှောင်းကျန့်ကိုမတွေ့တာကြောင့် သူ့ရင်ထဲတွင်ဟာတာတာဖြင့် တစ်စုံတစ်ရာ လိုအပ်နေသည့်နှယ်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now