အခန်း ၆၃ - ၀ိဉာဉ်စုပ်မိစ္ဆာ

1.7K 202 2
                                    

အနီး၀န်းကျင်တွင် ရိလန်တို့နှစ်ဦး၏အသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်ထက်မှာတော့ လမင်းကထိန်ထိန်သာလျက်ရှိနေဆဲ။

ထိုစဉ်မှာပင် နန်းဆောင်အတွင်းမှ အော်ဟစ်သံနှင့်အတူ ဓားချင်းခတ်သံတချွင်ချွင်က တိတ်ဆိတ်နေသောညချမ်းအတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။

မင်းသား၀မ်ရိလန် လုပ်ကြံခံရတာများလား။ ရှောင်းကျန့်အတွေးများနေစဉ်မှာပင် တိုက်ခိုက်ရင်းကြားက ပြေးထွက်သွားသော လုပ်ကြံသူကိုမြင်လိုက်တာကြောင့် နောက်မှလိုက်ဖမ်းရတော့သည်။

အိမ်ရှေ့စံလုပ်ကြံခံရစဉ်က မင်းသား၀မ်ရိလန်ကို သံသယ၀င်သည်။ ဒါဆိုခုချိန်မှာ မင်းသား၀မ်ရိလန် လုပ်ကြံခံရတယ်ဆိုတော့ ရိပေါ်၏တုံ့ပြန်မှုလို့ထင်မှာမလွဲ။

တစ်စုံတစ်ယောက်က တော်၀င်မိသားစုအတွင်း အချင်းချင်းသွေးကွဲအောင်လုပ်ချင်နေပုံရသည်။ ဒါကြောင့်ပဲ လုပ်ကြံသူကို သူလိုက်ဖမ်းဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။

လုပ်ကြံသူကလည်း အတော်ကိုလျှင်မြန်သည်။ ရှောင်းကျန့်အမြန်လိုက်သော်လည်း မမှီပါချေ။ အိမ်တော်၀င်းထဲမှ အလွယ်တကူလွတ်သွားသည့်အပြင် ဈေးတန်းထဲပြေး၀င်ကာ ဈေး၀ယ်နေသူတွေနှင့် ရောနှောသွားသည်မို့ မျက်ခြေပြတ်သွားရသည်။

ဖြစ်နိုင်ချေရှိသောနေရာများကို ရှာဖွေနေစဉ်မှာပင် လူတစ်ယောက်၏ ကြောက်လန့်တကြား အော်သံကြားလိုက်တာကြောင့် ထိုနေရာကိုပြေးသွားတော့ ခြံတံတိုင်းနံရံ၌မှီကာ ပျော့ခွေနေပြီဖြစ်သောအမျိုးသမီးတစ်ဦး။ တစ်ကိုယ်လုံးဖြူရော်ကာ သွေးတို့ခမ်းခြောက်နေလေပြီ။ မျက်တွင်းဟောက်ပက်ကျကာ ကြည့်ချင်စရာပင်မရှိ။

ိုသူမအနားမှာတော့ တစ်ကိုယ်လုံးခေါင်းပါမကျန် အနက်ရောင်ခြုံထည်ကို၀တ်ကာ မတ်တပ်ရပ်နေသော အမျိုးသားလော၊ အမျိုးသမီးလောမသိနိုင်သူတစ်ဦး။

အနီးအနားမှ မကောင်းသောအငွေ့အသက်တို့ကြောင့် သည်လူကလူမဟုတ်ဘူးဆိုတာ ရှောင်းကျန့်ရိပ်မိလိုက်သည်။ ဒါက လူတွေရဲ့၀ိဉာဉ်ကိုစုပ်ယူစားသုံးသော မိစ္ဆာကောင်သာဖြစ်လေသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Donde viven las historias. Descúbrelo ahora