အခန်း ၇၄ ။ အိမ်ရှေ့စံရဲ့ထောင်ဟွား = ပြည်သူတွေရဲ့ထောင်ဟွား

1.6K 204 5
                                    

"ထောင်ဟွား တောင်းပန်ပါတယ်"

ကြားလိုက်ရသော နာမ်စားလေးနှင့်အတူ တောင်းပန်စကားကြောင့် ရှောင်းကျန့်တစ်ယောက် ရှိုက်သံတို့ပင်တိုးတိမ်သွားရသည်။ ထွေးဖက်ခံထားရသည်မှ အတန်ငယ်ရုန်းကာ ရိပေါ်ကိုပြန်ကြည့်မိတော့ မျက်ရည်တွေေ၀့သီလို့နေလျက်။

"အရှင့်သား"

"အကြာကြီးတောင် မေ့နေမိတာ တောင်းပန်ပါတယ်ကွာ"

ရိပေါ်ကထပ်မံကာ တောင်းပန်စကားဆိုရင်း ရှောင်းကျန့်၏ပါးပြင်ကို ညင်သာစွာထိတွေ့ကာ မျက်ရည်များကို သုတ်ပေးရှာသည်။

"ကျွန်တော့်ကို... ကျွန်တော့်ကို ပြန်မှတ်မိသွားပြီလား"

"အင်း မှတ်မိသွားပြီ မင်းကငါ့ရဲ့မက်မွန်ပန်းလေးလေ ပြီးတော့အသက်နဲ့ထပ်တူ မြတ်နိုးရတဲ့ ငါ့ရဲ့စစ်နတ်ဘုရားလေး"

မယုံကြည်နိုင်သောမျက်၀န်းတို့ဖြင့် ပြန်ကြည့်နေသူလေးကြောင့် ရိပေါ်တစ်ကယ်ကိုစိတ်ထဲမကောင်း။ ထိုဆေးရည်က သူ့ကိုမထိခိုက်နိုင်ပါဘူး။ မမေ့လျော့ဘဲ မှတ်မိနေပါ့မည်ဟု ကတိပေးခဲ့သော်လည်း သူမတည်နိုင်ခဲ့။

သည်တစ်လျှောက်လုံး သူ့ရဲ့ထောင်ဟွားက သူ့ဘေးမှာရှိနေခဲ့ပြီး တစ်ယောက်တည်း ဘယ်လောက်တောင်မှ ၀မ်းနည်းနေခဲ့မည်လဲ။

"အဲဒီ့ဆေးရည်က တစ်ကယ်ပြင်းတာပဲ နှစ်နှစ်ဆယ်ကျော်တောင် မေ့နေခဲ့တာ"

ရိပေါ်၏အပြောကြောင့် ရှောင်းကျန့်က မျက်ရည်များကြားမှ ရယ်လိုက်သည်။ တစ်ကယ်ဆိုလျှင် ချစ်ခြင်းမေ့ပျောက်ဆေးရည်၏အစွမ်းက သည်လောက်မြန်မြန်ကြီး မပျက်ပြယ်နိုင်ပါလေ။

ဒါပေမယ့်လည်း စစ်မှန်သောချစ်ခြင်းတို့ကြောင့် အစွမ်းတို့ပြယ်လေသည်လော။ ဘယ်လိုပင်ဖြစ်ပါစေ နှစ်ပေါင်းများစွာ လွမ်းဆွတ်တမ်းတခဲ့ရသော ချစ်ဦးသူကို ပြန်လည်ထွေးဖက်နိုင်ခဲ့ပြီသာ။

"အ...."

တင်းကျပ်စွာထွေးဖက်မှုကြောင့် လက်မောင်းဒဏ်ရာက နာကျင်သွားတော့ ခပ်တိုးတိုးညည်းလိုက်မိသည်။ ရိပေါ်ကတော့ စိုးရိမ်စိတ်တွေဖြင့် ပျာပျာသလဲ။

မက်မွန်ပွင့်တို့သက်သေတည်၍ [completed]Where stories live. Discover now