အပိုင်း ^ ၃၃ ^

428 24 23
                                    

^Unicode^

တစ်ရက်၊နှစ်ရက်ကနေ ရက်ပေါင်းများစွာကုန်လွန်ခဲ့ပြီး အောက်တိုဘာလ၊ သီတင်းကျွတ်ကာလတွင်းသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ပွဲ‌တော်ကျင်းပဖို့လည်းတစ်ပတ်‌လောက်သာလို‌တော့သည်။ပြင်ဆင်မှု‌တော်တော်များများကလည်းပြီးစီး‌နေခဲ့ပြီ။ဈာန်မျိုးသစ်လည်း ပြဇာတ်clubထဲမှာတော်တော်ကြီးနေသားကျလာပါပြီ။ဟိုဟာမလေးတစ်သိုက်ကလည်း ပါးစပ်သရမ်းပေါက်ကရတွေလျှောက်လျှောက်ပြောတာကလွဲရင်ကျန်တာအကုန်လုံးကအေးအေးဆေးဆေးပါပဲ။

"ဈာန်ရေ ငါတို့ပစ္စည်းတွေဝယ်ကြတော့မလား?"

စာရင်းစာရွက်ကြီးတကားကားနဲ့ ခေါင်းဆောင်မ'မြသက်မဒီ' ကအနားကိုရောက်ချလာသည်။ဒီရက်တွေအတွင်းမှာသူclubထဲကလူတွေတော်တော်များများရဲ့နာမည်တွေသိလာခဲ့ရပြီဖြစ်သည်။ ခေါင်းဆောင်မနဲ့ရန်တကျက်ကျက်ဖြစ်နေတဲ့တစ်ယောက်က မိုးနောင်၊ အစားကြီးတဲ့ကောင်မလေးက အိဝေမာ၊ အတင်းတုပ်၊စကားများ၊ပါးစပ်သရမ်းတဲ့တစ်သိုက်က သော်တာ၊ဇင်နွယ်ဦး၊နိုးနိုး၊...စသဖြင့်။

"‌ကောင်းသားပဲ...ဝယ်မယ်လေ"

"အွန်း..လူအများကြီးတော့မသွားဘူး ဒီမှာလည်းအစားသောက်ပုံစံတွေနမူနာပြင်ဖို့လူထားခဲ့ရဦးမှာ အဲ့တော့ပိုင်ပိုင်ရယ်..၊နင်ရယ် ငါရယ်၊နိုးနိုးရယ်သွားကြတာပေါ့"

"အိုခေ"

ဈာန်မျိုးသစ်အသာတကြည်ပဲခေါင်းငြိမ့်လိုက်သည်။ဒီရက်‌တွေမှာအဆောင်နဲ့ကျောင်းနဲ့ကိုပဲလုံးလည်ချာလည်ဖြစ်နေတာမို့ ဘယ်အပြင်ကိုမှလည်းမရောက်နိုင်။အဲ့တော့ရှားရှားပါးပါးရလာတဲ့အခွင့်ရေးလေးကိုလက်လွှတ်ခံစရာလား!။

"ဟဲ့ ဟိုအကောင်! ငါတို့လှည်းတန်းစင်တာဘက်သွားဦးမလို့... မုန့်လုပ်တဲ့အပိုင်းကိုနင်ကြီးကြပ်ထားနော်"

မိုးနောင်ရဲ့တုန့်ပြန်မှုကပေစောင်းစောင်းအကြည့်တစ်ချက်မျှသာ။စာဖိုမှူးမိသားစုကဆင်းသက်လာတဲ့ချက်တတ်ပြုတ်သူမိုးနောင်က ကလပ်ထဲမှာမုန့်လုပ်တဲ့အဖွဲ့ခေါင်းဆောင်‌ နေရာကိုအော်တိုရရှိသွားသည်။သူနဲ့အိဝေမာသာရှိနေရင် စိတ်ချထားလို့ရပါသည်။နှစ်ယောက်လုံးကအစားအသောက်ဆို အကောင်းဆုံးဆိုမှကြိုက်တယ်ဆိုတဲ့သူတွေ...။

Fight or LoveWhere stories live. Discover now