အပိုင်း ^ ၂၁ ^

1.3K 128 32
                                    

^Unicode^

လင်းရှိန်တစ်ယောက်အတွေးပေါင်းများစွာနဲ့ပဲကျောင်းခေါင်မိုးထပ်ကိုရောက်နေသည်။ အတန်းလည်းတက်ချင်မရှိ။လီယိုတို့လည်းအပြင်သွားဖို့ခေါ်ပေမယ့်သူကအပြင်ထွက်ချင်စိတ်လည်းမရှိပြန်။အဘိုးဖြစ်သူပြောခဲ့တဲ့စကားတွေကခေါင်းထဲတဝဲလည်လည်နဲ့ ...။"မင်းကို တရုတ်ပြည်က ဝန်ကြီးချုပ်သမီးနဲ့ စေ့စပ်ဖို့လူကြီးချင်းစကားပြောထားကြတယ်..."  ဆိုပဲ။

ကျစ်! သောက်ရေးမပါတာတွေ!

လူကြီးတွေကအမြဲသူတို့လုပ်ချင်တာပဲလုပ်နေတာ။အာဏာရ..၊ပိုက်ဆံရှိ မိသားစုအသိုင်းဝိုင်းတွေကအမြဲဒီလိုချည်း။တရုတ်ပြည်ဝန်ကြီးချုပ်သမီးနဲ့‌စေ့စပ်မယ်ဆိုပြီး ပြည်ပတွေထိပါ အာဏာလွှမ်းချင်နေတဲ့ပါပါကြီးရဲ့အကြံကိုသူမသိရင်ခက်မယ်။ သူကပါပါကြီးတို့ပြောသမျှ ဆိုသမျှတိုင်းကိုလိုက်လုပ်ပေးမယ့် ခပ်တုံးတုံးလူမှမဟုတ်တာ။ လင်းရှိန်ဆိုတဲ့ သူရဲ့အနာဂတ်ကိုတော့ ဘယ်သူမှဝင်စွက်ဖက်မခံနိုင်ပါ။သူကသူလိုချင်တာကိုပဲရအောင်ယူမှာ!..။

"ဟေ့ လင်းရှိန်စားမှာလား မစားဘူးလားလို့?..."

လင်းရှိန်ခုံတန်းမှာထိုင်ရင်းတစ်ယောက်တည်းအတွေးလွန်နေတဲ့အချိန်မှာ အရှေ့ကနေ အာကျယ်အာကျယ်နဲ့အသံကထွက်ပေါ်လာသည်။ အသံပိုင်ရှင်က ဈာန်မျိုးသစ်။ လက်ဖက်သုပ်ဘူးကို လင်းရှိန်ရှေ့ကိုထိုးပေးကာ ခါးထောက်ရင်းစိတ်မရှည်တရှည်ပုံစံဖမ်းရင်းရပ်နေသည်။ ခြုံငုံပြောရရင်ဈာန်မျိုးသစ်စတိုင်လ်ကအဒေါ်ကြီးဒီဇိုင်း..။စိတ်ညစ်နေတဲ့ကြားကသူရယ်ချင်လာရသည်။ 

"စားမှာလားလို့!! ငါမေးနေတာ 3‌,4ခေါက်လောက်ရှိနေပြီ!"

သူ့ဘက်ဘာမှပြန်မပြောဘဲစျာန်မျိုးသစ်ရဲ့ ဒီဇိုင်းကာလာအနေထားကိုပဲသေချာလိုက်ကြည့်နေ‌မိတော့ ကိုယ်တော်စွာစိ ဆီကအသံကထပ်ထွက်လာတော့သည်။

"ဟင့်အင်း...မစားဘူး"

ဒီတစ်ခါတော့လင်းရှိန်နှစ်ခါပြန်မစဉ်းစားဘဲ ငြင်းလိုက်သည်။ဒီလိုအသုပ်တွေ၊ အပူအစပ်တွေသူမှမကြိုက်တာ။

Fight or LoveDonde viven las historias. Descúbrelo ahora