အပိုင်း ^ ၂၀ ^

1.4K 138 47
                                    

^Unicode^

Tripကပြန်လာပြီးတဲ့‌ နောက်တစ်ရက်မှာပဲ ဈာန်မျိုးသစ်တို့အတန်းကို ပုံမှန်အတိုင်းပြန်တက်ရတော့သည်။ Tripတုန်းက လင်းရှိန်နဲ့ ဈာန်မျိုးသစ်တို့ရဲ့အကြောင်းတွေက မင်းစည်သူနဲ့ ယံယံတို့အတွဲနဲ့အပြိုင် လူတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားနေသေးတယ်။ လူတွေမလွယ်လိုက်တာ။ သူများအကြောင်းဆိုသိပ်ပြောချင်နေကြတာပဲ...။ 

အခုအချိန်ကကျောင်းတက်ချိန်မို့ အကုန်လုံးစာသင်ခန်းထဲရောက်နေကြသည်။ ပထမတစ်ချိန်ပြီးလို့ နောက်ဆရာ မလာခင်ကြားအချိန်မို့   အပျင်းကြောဆွဲကာ ‌မှောက်အိပ်တဲ့သူကအိပ်...၊ မုန့်စားတဲ့သူကစား...၊ စကားပြောတဲ့ သူကပြောနဲ့ ...ရှားရှားပါးပါး စာလုပ်တဲ့သူတွေလည်းရှိနေသေး...။ ဈာန်မျိုးသစ်ကတော့ ထုံးစံအတိုင်း မှောက်အိပ်တဲ့ဂိုဏ်းဝင်...။

"ဟေ့...နောက်အချိန်က သင်္ချာဆို!"

"ဟုတ်တယ်ကွ...ဆရာအသစ်တဲ့..."

"ဘာ!! သင်္ချာဆရာပြောင်းပြန်ပြီလား?"

"ဟေ့အသံလျှော့အသံလျှော့...ဟိုတစ်ခါက သင်္ချာဆရာ‌ဟောင်းနဲ့ လင်းရှိန်နဲ့ငြိသေးတယ်လေကွာ..."

"အာဟုတ်သားပဲ...ငါမေ့သွားတယ် အရင်ဆရာကအသင်ပြကောင်းတာဟာ...အခုဆရာသစ်ကဘယ်လိုလာမလဲမသိ..."

"မသိဘူး...သက်လတ်ပိုင်းအရွယ်တဲ့..အသင်ပြကောင်းတယ်ပြောတာပဲ ဒါပေမယ့်ရုပ်တည်ကြီးနဲ့တဲ့ကွာ..."

"အိစ့်...ငါလန့်တောင်လာပြီ..."

"မလန့်ပါနဲ့ကွာ အချစ်ရယ်...ကိုယ်တစ်ယောက်လုံးရှိပါတယ်...အဟဲ"

"ဘောကို အချစ်!"

"ဟား...ဟား..."

ဈာန်မျိုးမျက်လုံး‌တွေမှိတ်ပြီး မှောက်အိပ်နေပေမယ့် အရှေ့ခုံကကောင်လေးနှစ်ယောက်ရဲ့ တီးတိုးတီးတိုးနဲ့စကားသံတွေကိုအတိုင်းသားကြားနေရတာမို့ အိပ်မရ။ ပြောနေကြတဲ့အကြောင်းအရာက သင်္ချာဆရာအသစ်ရောက်လာမယ်တဲ့လား....။

ဈာန်မျိုးသစ်မှောက်အိပ်နေရာကနေ ခေါင်းထောင်လိုက်ပြီး လင်းရှိန်ဘက်ကိုမသိမသာလေးလှမ်းကြည့်မိလိုက်တယ်။ လင်းရှိန်က ဖုန်းဂိမ်းကိုသာသဲကြီးမဲထိုင်ဆော့နေတဲ့ပုံပဲ။ သူ့ကို နည်းနည်းလေးတောင်လှည့်မကြည့်။

Fight or LoveWhere stories live. Discover now