အပိုင်း ^ ၁၆ ^

1.4K 137 18
                                    

^Unicode^

ဖျော်ဖြေရေးအစီစဉ်တွေကတဖြည်းဖြည်းနဲ့စတင်လာခဲ့သည်။ စစချင်းမှာတော့ ကျောင်းသားကျောင်းသူတွေရဲ့ ဖျော်ဖြေမှုတွေ။ တက်ကြွစရာကောင်းတဲ့အဆိုအကတွေကြားမှာ တခြားသူတွေကပျော်ရွှင်တက်ကြွနေကြပေမယ့် ဈာန်မျိုးသစ်ကတော့တဖြည်းဖြည်းအိပ်ချင်လာတာပဲ။ အောင်သူနဲ့ ကောင်းမြတ်တို့ကလည်း ဘေးနားကနေသီချင်းတွေလိုက်အော်ဆိုနေကြတယ်။

"ငါဟိုဘက်ခဏသွားလိုက်ဦးမယ်..."

ဈာန်မျိုးသစ်ရဲ့အပြောကို သီချင်းအော်ဆိုရင်းပါးစပ်မအားဖြစ်နေတဲ့ အောင်သူတို့က ခေါင်းငြိမ့်တုန့်ပြန်လိုက်တယ်။ ဈာန်မျိုးသစ်လည်းအောင်သူတို့ရဲ့ ပုံစံကိုမနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ရင်း..စားပွဲဝိုင်းကနေထွက်လာပြီး နေပြည်တော်တစ်မြို့လုံးကိုလှမ်းမြင်နေရတဲ့ view pointဆီ..။

view point‌ရောက်တော့ မီးရောင်လင်းထိန်နေတဲ့နေပြည်တော်တစ်မြို့လုံးကိုအပေါ်စီးကလှမ်းမြင်လိုက်ရတော့သည်။ မနက်ကသွားခဲ့တဲ့ဥပ္ပတသန္တိစေတီကိုလည်းလှမ်းမြင်နေရသည်။ ပျင်းခြောက်ခြောက်နိုင်တယ်ဆိုပြီး ဈာန်မျိုးသစ်မှတ်ချက်ချထားခဲ့တဲ့ နေပြည်တော်က ဒီလိုကျတော့လည်း ရင်သပ်ရှုမောစရာကောင်းတယ်။ 

"ဟေ့..ဈာန် ငါ့ကိုမှတ်မိတယ်ဟုတ်?"

လီယိုက ဈာန်မျိုးသစ်ဆီတန်းတန်းမတ်မတ်လျှောက်လာရင်းက‌လှမ်းပြောလိုက်သည်။

"လီယို..."

ဈာန်မျိုးသစ်က နာမည်ကိုရွတ်ပြလိုက်သည်။ တစ်ခါပဲ ဆုံခဲ့ဖူးပေမယ့် ဒီကောင်တွေကို မမှတ်မိစရာအကြောင်းမရှိ။

"အဟား...မှတ်မိသားပဲ.."

ဝမ်းသာအားရရေရွတ်ရင်းကနေပဲ..ဈာန်မျိုးသစ်ပုခုံးကိုလှမ်းဖက်ဖို့ လက်လှမ်းလိုက်သည်။ ဒါပေမယ့် ပိုလျင်မြန်တဲ့ ဈာန်မျိုးသစ်က ရှောင်ထွက်လိုက်သည်။

"ဟား...ဟား... မင်းနဲ့ လင်းရှိန်နဲ့ကကွာ..တစ်ပုံစံတည်းပဲ"

လီယိုကအော်ရယ်ရင်းကနေပြောသည်။ အမြဲပြောင်စပ်စပ်နဲ့ရယ်နေတဲ့ ဒီကောင်ကလည်းတကယ်အရူးလိုပဲ။ ဘာတွေသဘောကျမှန်းမသိ။ ဈာန်မျိုးသစ်အမြင်ကပ်ကပ်နဲ့ပဲပြောလိုက်သည်။

Fight or LoveWhere stories live. Discover now