အပိုင်း ^ ၃၂ ^

325 24 12
                                    

^Unicode^
^Note - many swear words^


ည 7နာရီအချိန်၊သင်္ဘောဆိပ်ကမ်းတစ်ခု....။ကွန်တိန်နာဘောက်စ်တွေတန်းစီထားတဲ့‌နေရာ..၊အမှောင်ရိပ်‌အောက်မှာလူတစ်စုဟာလှုပ်ရှားနေကြသည်။ထိုလူတစ်စုထဲမှာလူကြီးတွေအပြင်လူငယ်ပိုင်းတွေ..၊ ကလေးတစ်ချို့တွေပါရှိနေကြသည်။အဲ့ဒီလူငယ်တွေ..၊ကလေးငယ်တွေက ကွန်တိန်နာတစ်ခုဆီကနေသေတ္တာအမြောက်အများကို သင်္ဘောအလတ်စားတစ်ခုဆီကိုရွှေ့‌ပေးနေရသည်။အသက်လတ်ပိုင်းလူသုံးယောက်ကတော့ ကလေးတွေကိုစောင့်ကြည့်ရင်း မလှမ်းမကမ်းမှာလောင်းကစားဝိုင်းအသေးစားတစ်ခုကိုဖန်တီးနေကြသည်။

"ဟိုကောင်လေးကိုရောသေချာကြည့်ထားရဲ့လား....ရေလေးဘာလေးတိုက်ထားဦးနော် ငါတို့ရဲ့ငွေထုပ်လေးကို သေချာဂရုစိုက်ရမှာ ဟားဟား"

တစ်ယောက်ကသူ့လက်ထဲရထားတဲ့ဖဲချပ်တွေကို တစ်ချက်လှမ်းကြည့်ပြီးစကားလှမ်းစလိုက်သည်။ ကျန်နှစ်ယောက်ကလည်းပါဝင်ဆွေးနွေးနေရင်းဝိုင်းကလည်းတဖြည်းဖြည်းကောင်းလာခဲ့သည်။

"မပူစမ်းနဲ့....အခုလောက်ဆိုအဲ့ကောင်လေး အိမ်မက်ကမ္ဘာထဲလည်နေမှာ ဟားဟား"

"ငါတော့ ဟိုဘိုးတော်ကြီးဘယ်လောက်ပေးမလဲပဲသိချင်တယ်..."

"အနည်းဆုံး 50?"

"အဖိုးတန်မြေးလေးမဟုတ်ဘူးလား အဲ့ထက်ပိုပေးသင့်တယ်"

"ဟ...ဒါပေါ့"

"ကဲ ငါနိုင်ပြီ ပေးစမ်း... လောင်းကြေးတွေ"

"ဒီငါ_ိုးမသား...တစ်ချိန်လုံးနိုင်နေတာပဲ"

"_ီးပဲ ဟေ့!! ရှုံးပြန်ပြီ!"

ဖဲဝိုင်းကအချိန်ခဏလေးအတွင်းမှာအဆုံးသတ်သွားရသည်။နိုင်သွားတဲ့တစ်ယောက်ကသူ့လက်ထဲရောက်လာတဲ့လောင်းကြေးတွေကို စိတ်လှုပ်ရှားစွာနဲ့ရေတွက်နေသည်။ဒီပမာဏလောက်ဆို မဆိုး‌ဘူးလေ။

"ဟိုခွေးသားလေးတွေ! ပစ္စည်းသယ်တာမြန်မြန်လုပ်ကြစမ်း!..မင်းတို့ကိုပိုက်ဆံပေးခိုင်းထားတာ...စောက်ဖြစ်ရှိအောင်လုပ်ကြ...‌"

Fight or LoveWhere stories live. Discover now