အပိုင်း ^ ၂၅ ^

1.5K 125 25
                                    

^Unicode^

မနေ့ညတည်းကအဆက်မပြတ်ရွာနေတဲ့မိုးဒီနေ့မနက်ထိမတိတ်နိုင်သေး။ဒီလိုစိုစွတ်နေတဲ့ရာသီဥတုမှာအပြင်ထွက်ရတာမျိုး လီယိုမကြိုက်။ဒါပေမဲ့လည်း ဒီရက်တွေမှာစိတ်ရှုပ်စရာလေးရှိနေတော့ လင်းရှိန်တို့ကျောင်းကိုသူခဏခဏရောက်ဖြစ်နေမှာပဲ။ အခုလည်းမနက်စောစောတည်းက အဆောင်နဲ့ကျောင်းနဲ့သွားတဲ့လမ်းပေါ်တစ်နေရာမှာ ကားကိုရပ်ထားပြီး သက်ပိုင်ဆိုတဲ့စိတ်ရှုပ်ထွေးစရာကောင်လေး..၊ ကျောင်းအလာကိုနာရီတကြည့်ကြည့်နဲ့ စောင့်ဆိုင်းနေသည်။

လီယိုပျင်းလာတာနဲ့ ခပ်အေးအေးသီချင်းတစ်ပုဒ်ကိုဖွင့်ရင်း လမ်းပေါ်မှာ ထီးတစ်ချောင်းနဲ့သွားလာနေတဲ့လူတွေလိုက်ငေးနေမိသည်။ ရန်ကုန်မြို့ရဲ့လမ်းတွေကတော့ ဘယ်လိုအခြေနေမျိုးမှာမဆို လူသွားလူလာများပြားနေဆဲ။ အမေရိကားလိုနေရာမျိုးမှာကြီးပြင်းလာခဲ့တဲ့သူ့အတွက်တော့ဒါမျိုးကဘာမှမဟုတ်။ ဟိုကမှာကဒီ့ထက်နှစ်ဆလောက်ထိကိုလူဦးရေထူထပ်သည်။သူနဲ့ Pieနဲ့ကလည်းဒီလိုမျိုးလူအုပ်ထဲမှာမထင်မှတ်ပဲတွေ့ဆုံခဲ့ရတာ။ဒါပေမဲ့ မနက်ခင်းအချိန်တော့မဟုတ်။ လူတွေပျော်စရာရှာကြတဲ့ညဘက်အချိန်...။

အာ..သတိရသွားရပြန်ပြီ...

ရုတ်တရက်သတိရမိသွားတဲ့စိတ်နဲ့အတူ လီယိုရဲ့အတွေးတွေက အတိတ်ဆီကိုခဏတာရောက်သွားတော့သည်။

လွန်ခဲ့တဲ့တစ်နှစ်က....၊ New Yorkမြို့။
New Yorkမြို့ရဲ့ညဘက်အချိန်ကလင်းထိန်နေတဲ့မီး‌ရောင်တွေနဲ့လှပ‌နေသည်။Time Squareနားမှာဆို လူတွေကအုတ်အုတ်ကျက်၊ သွားလာလှုပ်ရှားလို့ကောင်းနေဆဲ။ ညနေခင်းစားပွဲသောက်ပွဲကအပြန်မှာ Time Squareဘက်ရောက်နေတဲ့လီယိုတို့ညီအစ်ကိုနှစ်ဦး။ လောလောဆယ်လီယိုကတော့ လမ်းတစ်ဖက်ခြမ်းမှာမုန့်သွားဝယ်နေတဲ့ဒေးဗစ်ပြန်အလာကို လမ်းမဘေးဘက်မှာရပ်နေရင်းစောင့်နေရသည်။ သူတို့ရဲ့ကားကလည်း ပါကင်နေရာတစ်ခုမှာရပ်ထားခဲ့တာမို့ လီယိုတစ်ယောက်မတ်တပ်ရပ်နေရရုံကလွဲပြီးမရှိတော့။

"ပျင်းလိုက်တာ..."

အချိန်ကြာလာတော့ မျက်စိရှေ့မှာမြင်ရသမျှကပျင်းဖို့ကောင်းလာသည်။ များပြားလှတဲ့ Billboardတွေပေါ်မှာ ထပ်တလဲလဲပေါ်လာနေတဲ့ ပုံရိပ်တွေကလီယို့အာရုံကိုမဖမ်းစားနိုင်တော့။လီယိုဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲကဆွဲထုတ်လိုက်ပြီး ဆော့နေဆဲဂိမ်းထဲသာဝင်လိုက်သည်။

Fight or LoveWhere stories live. Discover now