အပိုင်း(၁၅) ပထမဆုံး ညီလာခံတက်ခြင်း

Ξεκινήστε από την αρχή
                                    

အိပ်ငိုက်နေသော ရီဟွား၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဘယ်လိုကြောင့် သူ့ရဲ့ဆိုင်နာမည်က ဘုရင့်ညီလာခံထိ ရောက်လာရတာလဲ။

"ချန်းရီဆိုင်တွေက အခုလတ်တလော မြို့တော်ရဲ့စီးပွားရေး နေရာတော်တော်များများမှာ နေရာယူထားပါတယ်...နေရာယူထားတာတွေက အဓိကဈေးကွက်တွေပါ...လက်ဝတ်ရတနာဈေးကွက်နဲ့ အဝတ်အထည်ဈေးကွက်ရဲ့အောင်မြင်မှုကတော့ အံ့မခန်းပါပဲ...ပို့ဆောင်ဆက်သွယ်ရေးဘက်မှာရော ခြေကုပ်ယူထားပါသေးတယ် အရှင်မင်းကြီး...တခြားမြို့ရွာတွေအထိပါ စီးပွားရေးက ကျယ်ပြန့်နေပါတယ်...

ပြည်ပနိုင်ငံတွေကပါ စိတ်ဝင်စားနေတဲ့အဆင့်ပါ...မသင်္ကာစရာကောင်းတာက ချန်းရီဆိုင်တွေရဲ့ နောက်ကွယ်က ဦးစီးသူဘယ်သူလဲဆိုတာ မသိရတာပါ...တော်တော်များများက ချန်းရီသခင်ကြီးလို့ အမည်ပေးခေါ်ဆို​နေ ကြပါတယ်...ချန်းရီဆိုင်တွေမှာ စောင့်ကြပ်တဲ့ ကိုယ်ရံတော်တွေကလည်း တော်တော်အရည်အချင်းရှိပြီး လူအင်အားတစ်ခုကိုလည်း ပိုင်ဆိုင်ထားပုံရပါတယ်...သူ့ရဲ့ရည်ရွယ်ချက်က အရမ်းသံသယဝင်ဖို့ကောင်းလွန်းပါတယ် အရှင်မင်းကြီး...အဲဒါ​ကြောင့် ချန်းရီသခင်ကြီးကို ဖော်ထုတ်ပြီး သတိထားဖို့ အရှင်မင်းကြီးကို လျှောက်တင်ရခြင်းပါ...ရိုးသားရင် မြှောက်စားပြီး မရိုးသားရင် ကျူပင်ခုတ် ကျူ ငုတ်မကျန် ရှင်းသင့်ကြောင်းပါ"

ရီဟွား အိပ်ချင်စိတ်များ အရှင်း ပျောက်သွားရသည်။

ရှေးခေတ်တွင် သူဋ္ဌေးဖြစ်ရန် စီးပွားရေးလုပ်ခြင်းသည် ထိုကဲ့သို့ ကြောက်ဖို့ကောင်းမည်ဟု သူ မထင်ထားမိ။ သူတောင် ထိုစွပ်စွဲချက်များကို တစ်ခါမှ မစဉ်းစားဖူး။ ရှည်ရှည်ဝေးဝေး တွေးကာ မမောမပန်း လျှောက်တင်နိုင်သည့် အဘိုးကြီးအား သူ လေးစားသွားရသည်။

ရှင်း၏ မျက်နှာအား ကြည့်လိုက်တော့ တည်ငြိမ်သော မျက်နှာထားဖြင့် သူ့အား စိုက်ကြည့်နေသည်။ သူ အမှားလုပ် မထားသော်လည်း အမှားလုပ်ထားသူတစ်ယောက်ကဲ့သို့ ကြက်သီးများပင် ထလာရသည်။

ရှင်ဘုရင်တို့စိတ်သည် ခန့်မှန်းမရ ဆိုသော စကားသည် လွန်စွာ မှန်ကန်ပေသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα