အပိုင်း(၁၄) အရာရှိစာမေးပွဲ အောင်မြင်ခြင်း

Start from the beginning
                                    

"ကောင်းပြီ နေခဲ့လိုက်"

ရီဟွား အားလုံးပြင်ဆင်ပြီး နန်းတော်သို့သွားရန် အပြင်သို့ ထွက်လိုက်သည်။ အပြင်မှ ပြန်လာသော ညီဝမ်းကွဲလေးတို့နှင့် ထိပ်တိုက်တိုးတော့သည်။

"အပြင်သွားမလို့လား ခေါင်းမကိုက်ဘူးလား"

သူ ညက အမူးလွန်သွားခြင်းကြောင့် ညီဝမ်းကွဲလေး သူ့အား စိုးရိမ်နေခြင်းဖြစ်လောက်သည်။

"အင်း နဲနဲတော့ သက်သာပါတယ်"

"ရော့ ဒီဆေးပုလင်းထဲက ဆေးတစ်လုံးသောက်လိုက်...သောက်ဖို့ မမေ့နဲ့ဦး...ခေါင်းကိုက်သက်သာသွားလိမ့်မယ်"

ရီဟွား ဆေးပုလင်းအား လက်လှမ်းယူလိုက်ပြီး အင်္ကျီထဲထည့်လိုက်သည်။ နောက်မှ လိုက်ထွက်လာသော ယွီလေးသည် သူ့အား အမြန်သွားရန် လောဆော်တော့သည်။

"သခင်လေး ခုထိ မသွားသေးဘဲ ဘာလို့စကားရပ်ပြောနေတာလဲ...အချိန်တွေ နောက်ကျကုန်ပြီ...နန်းတော်ကို မြန်မြန်သွားတော့လေ"

ညီဝမ်းကွဲလေးနှင့် သူ့ကြား ရပ်လိုက်ပြီး သူ့လက်တစ်ဖက်အား ဆွဲကိုင်ကာ အိမ်ရှေ့တွင်ရပ်နေသော လှည်းပေါ် အတင်းတက်ခိုင်းတော့သည်။

ရီဟွား လှည်းပေါ် အမြန်တက်လိုက်ပြီးနောက် လှည်းပြတင်းမှ ခေါင်းထွက်ကာ ညီဝမ်းကွဲလေးအား လက်လှမ်းပြလိုက်သည်။

လှည်းအောက်ရှိ ယွီလေးသည် သူ့အား မကြည်ကြည့်ဖြင့် ကြည့်နေ၏။ ယွီလေး ဘယ်လိုကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း ရီဟွား စဉ်းစား၍မရပေ။

လှည်းသည် အိမ်ရှေ့မှ တဖြည်းဖြည်းချင်း စတင် ထွက်ခွာလေတော့သည်။

လှည်းယာဉ် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသောအခါမှသာ ကျန်းဖုန်း အိမ်ထဲသို့ ဝင်သွားလိုက်သည်။

ဟိုင်ဝမ်သည်လည်း သူ့အား ကြည့်နေသော ယွီလေးအား မျက်စောင်းထိုးကာ သူ၏သခင်နောက်သို့ လိုက်ဝင်သွားလေတော့သည်။

********************

ရီဟွား နန်းဆောင်ရောက်သည်နှင့် တံခါးစောင့်များသည် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ နန်းဆောင်တံခါးအား ဖွင့်ပေးလာကြသည်။ သူ့အတွက် နန်းတော်သည် ဝင်လိုက်ထွက်လိုက်ဖြင့် အတော်မျှပင်ရင်းနှီးနေလေပြီ။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now