"ကျွန်တော် ဖုန်းဆက်ကြည့်ဦးမယ်"
ပြောပြောဆိုဆိုပင် အဆောင်လေးရဲ့အပြင်ဘက်ကိုထွက်သွားတဲ့ စာရေးဆရာပေါက်စ။ တတူတူနှင့်ဝင်သွားသည့် ဖုန်းလိုင်းလေးကြောင့် မခုန်စဖူး ရင်တွေပါထူးလို့ခုန်နေခဲ့သည်။
"ဟယ်လို"
"ဟယ်လို ကျောင်းဆရာ"
"Jungkookလား?"
"ဟုတ်တယ် ကျွန်တော်ပါ"
"ပြောလေ"
"အခု ဘယ်ရောက်နေတာလဲ"
ညနေကတင် ဆိုးလ်ကိုသွားပါတယ်လို့ပြောထားပါရက်နဲ့ ဒီကောင်လေး ဘာထကြောင်တာလဲဟုပင် Jiminတွေးလိုက်မိသည်။
"အခု ဆိုးလ်မှာလေ"
"ဦးလေးဆိုတဲ့သူနဲ့ရော တွေ့ပြီးပြီလား"
"Jiminရေ မင်းဦးလေးက ရှာနေတယ်!"
"Jungkook ဟျောင်း နောက်မှပြန်ဆက်လိုက်မယ်နော်"
ပြောပြောဆိုဆိုပင် ဖုန်းချသွားတာမို့ စာရေးဆရာရဲ့နှုတ်ခမ်းတို့ကအလိုမကျစွာပင် မဲ့ကျသွားခဲ့သည်။ တဖြောက်ဖြောက်ကျလာသည့် မိုးစက်များကြောင့် အဆောင်လေးထဲကိုသာပြန်ဝင်ခဲ့ရင်း မနက်ဖြန်ဆိုတာကြီးကို တွေးလိုက်မိသည်။
တကယ်လို့ ကိုကိုက သူ့ကိုကွာရှင်းမယ်ဆိုတာကို လက်ခံခဲ့ရင်ရော?။ လက်ခနဲဖြစ်သွားတဲ့ လျှပ်စီးတွေကိုကြည့်ကာ ထိုအတိုင်းပဲ ဆက်ထိုင်နေမိသည်။
တဖြည်းဖြည်း သည်းလာတဲ့မိုးစက်တွေ တံစက်မြိတ်ကနေစီးကျနေတာကိုလည်း ထိုအတိုင်းငေးကြည့်နေမိသည်။
"ညီတော် ညစာမစားတော့ဘူးလား"
"မစားချင်ပါဘူး"
ဒူးနှစ်ဖက်ကိုထောင်ကာ လက်နှစ်ဖက်နှင့်ထွေးဖက်လိုက်ရင်း မေးပါတင်လိုက်သည်။
"ရော့ပါ ဒါလေးတော့စားလိုက်"
"တော်ပါပြီ"
မြန်ဆန်လွန်းသည့်အဖြစ်အပျက်များကြောင့် သက်ပြင်းတွေသာအထပ်ထပ်ချမိသည်။ ညနေကပင် သူနှင့်အတူ စာတိုက်ကိုသွားဖို့ပြင်နေခဲ့သည့်လူက အခုတော့ သူနှင့်ဝေးရာကိုရောက်နေခဲ့ပြန်ပါပြီ။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞
အပိုင်း ၂၂
Start from the beginning