အပိုင်း ၁၈

13.3K 1.9K 370
                                    

အပိုင်း (၁၈)

Unicode Version

၂၀၀၀ပြည့်နှစ်ဝန်းကျင် ဝမ်ဂျူဒေသလေးရှိ မူလတန်းသင် စာသင်ကျောင်းလေး၌ဖြစ်သည်။

"မင်္ဂလာပါ ဆရာမ"

"မင်္ဂလာပါကွယ်"

ကျောပိုးအိတ်သေးသေးလေးတွေ ကိုယ်စီလွယ်ထားသော ကလေးလေးတွေက အတန်းပိုင်ဆရာမကို တညီတညာတည်း နှုတ်ဆက်ပြီးသည်နှင့် နေရာမှာထိုင်လိုက်ကြသည်။

စနေ တနင်္ဂနွေပြီးမှ ပြန်ဖွင့်သည့်ကျောင်းရက်ပေမို့သူငယ်ချင်းတွေအချင်းချင်း ကျောင်းပိတ်ရက်တုန်းကအကြောင်းကို စကားပိစိပိစိပြောနေကြတဲ့ ကလေးများ။

"အော Jiminie ကျောင်းမလာဘူးလား"

"မနက်တုန်းက သားတွေ့လိုက်တယ်!"

"ဟုတ်လား ကျောင်းနောက်ကျနေတာများလား?"

ဆရာမဖြစ်သူက ကျောင်းခေါ်ကြိမ်စာအုပ်လေးထဲ အတန်းတက်သည့်ကလေးငယ်များနာမည်ကို မှတ်သားရင်း အတန်းစဖို့ပြင်လေသည်။

"Jiminie လာပြီ ဆရာမ!"

အတန်းထဲက ကလေးပိစိလေးတစ်ယောက်က အတန်းပေါက်ဝကို လက်ညှိုးထိုးပြလိုက်တာမို့ အတန်းထဲရှိကလေးအကုန်နှင့် ဆရာမရဲ့အကြည့်တွေက အတန်းပေါက်မှာရပ်နေသည့် ကလေးလေးထံ ရောက်သွားကြသည်။

"Jiminie အတန်းနောက်ကျနေတာလား?"

ပုတုတု လုံးတုံးတုံးနှင့် ဘဲရုပ်ပုံကျောပိုးအိတ်ကလေးကို လွယ်ထားသည့်ကလေးလေးက ဆရာမရဲ့အ​မေးကိုမဖြေသေးဘဲ စိုက်ကြည့်လို့နေသည်။

"ဘာများလဲ?"

ဆရာမလည်း အထူးအဆန်းဖြစ်နေတဲ့အတန်းသားလေးကြောင့် လက်ထဲကမြေဖြူကိုချကာ အတန်းပေါက်ကကလေးငယ်ဆီ လျှောက်သွားလိုက်သည်။

"သား ဘာဖြစ်လာတာလဲ? အိမ်ကဆူလိုက်လို့လား?"

Jiminieဆိုသည့် ကလေးငယ်လေးက ထူအမ်းအမ်းနှုတ်ခမ်းလေးကိုစေ့ကာ ခေါင်းယမ်းပြသည်။

"ဆရာမ"

"အင်း ပြောလေ"

"ကုကု"

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now