အပိုင်း (၂၁)
Unicode Version
ကျွီ ကျွီ ကျွီ
စမ်းရေစီးသံတသွင်သွင်နှင့် ကျေးငှက်အော်မြည်သံတို့က တောလေးရဲ့ဝန်းကျင်အနှံ့အပြား ကြားနေရသည်။ ပြည်တော်ပြန်တစ်ယောက် မျက်နှာပေါ်သို့ တိုက်ရိုက်ပင် ခပ်စူးစူးကျရောက်နေသည့်နေရောင်ကြောင့် မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်နှင့် ဖွင့်လိုက်ရတော့သည်။
"ဟင်!"
ညတုန်းက အတူအိပ်ခဲ့သည့် အစ်ကိုတော့်ကိုမတွေ့လိုက်ရတာမို့ ချက်ချင်းပင်နေရာကထလိုက်မိပြီး ကျောက်မိုလေးရဲ့အပြင်ဘက်ကို ထွက်ခဲ့လိုက်သည်။
"Honey! ဆော့ဂျင်နီး!"
နာမည်တကြော်ကြော်အော်ခေါ်ရင်း ပတ်ပတ်လည်ကိုလိုက်ကြည့်ပေမဲ့ သံသယဖြစ်စရာဟူ၍ ခြေရာလေးပင်မတွေ့ရတာမို့ စိုးရိမ်မှုလှိုင်းလေးက ရင်ဘတ်ထဲဒုန်းဆိုင်းပြေးသွားရသည်။
"ကင်ဆော့ဂျင်!"
ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်ရင်း တောထဲမှာပင် တဝဲလည်လည်ဖြစ်နေမိသည်။ မည်သို့ပင်ရှာစေကာမူ ဘာအကျိုးမှဖြစ်ထွန်းမည့်ပုံလည်းမပေါ်တာမို့ အရင်ဆုံးအပြင်ကိုရောက်အောင် ထွက်ဖို့လမ်းရှာရတော့သည်။ လမ်းတွေ့သည်နှင့် အကူအညီခေါ်ကာ အစ်ကိုတော့်ကိုလည်းရှာရမည်။
ပြည်တော်ပြန်ခမျာ နာရီဝက်နီးပါး လမ်းဟုထင်ရသမျှအကုန်ဝင်တိုးရင်း နောက်ဆုံးတော့ အပြန်လမ်းတွေ့သွားကာ ရေတံခွန်ဘက်ကို ပြန်လည်ရောက်ရှိသွားတော့သည်။
"မြန်မြန်ပြေးရမယ်!"
အစ်ကိုတော်တစ်ယောက်တည်း တောထဲမှာရှိနေသည်ဟုသော အတွေးပူတွေကြောင့် ရေတံခွန်အောက်ကို ဝရုန်းသုန်းကားပြေးဆင်းခဲ့ရင်း ဂန္ဓမာစံအိမ်ဘက်ကို ခြေလှမ်းတည်ခဲ့သည်။
စံအိမ်ကြီးထဲကိုရောက်တော့ ပြာပြာသလဲပင်ပြေးဝင်ခဲ့လိုက်ရင်း အသက်ကိုအရင်ဆုံးဝအောင်ရှူလိုက်သည်။ ပြီးသည်နှင့် အဖိုးJeonတို့ရှိမည်ဟုထင်ရသော အဆောင်လေးဘက်ကို ထပ်မံပြေးသွားလိုက်သည်။
YOU ARE READING
❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞