အပိုင်း ၉

13K 1.9K 441
                                    

အပိုင်း (၉)

Unicode Version

"Jungkook!"

အဆောင်ထဲကထွက်ထွက်ချင်း လှမ်းအော်လိုက်တဲ့အသံကြောင့် ကြည့်လိုက်မိတော့ သူရှိရာဆီပြေးလာနေတဲ့ ကျောင်းဆရာကိုတွေ့လိုက်ရသည်။

အံမယ် လက်တောင်ဝှေ့ပြနေသေးတယ်။ မနက်ကတည်းက ထိုကျောင်းဆရာမသိအောင် တိတ်တိတ်ကလေး အိပ်ရာထပြီး ပတ်ပြေးနေတာ ခုဆို ညနေပင်စောင်းတော့မည်။ လက်လျှော့မဲ့ပုံလည်း တစက်မှမပေါ်။

ကဲ ထပ်ပြေးလိုက်ပါဦး Jeon Jungkookရေ။

"Jeon Jungkook!"

Jungkookလျှာထုတ်ပြောင်ပြလိုက်ရင်း တချိုးတည်းတန်းနေအောင် ပြေးထွက်ခဲ့လိုက်သည်။ နောက်ကလူကလည်း အတင်း​လိုက် သူကလည်းမနားတမ်းပြေးနှင့် ထိုနေ့ရက်လေးက အမှန်အကန်ပင် ဗရုတ်ကျနေခဲ့သည်။

နှစ်ဦးသား ပတ်ပြေးနေရင်း လူမနေသည့် အနောက်ဖက်အဆောင်တစ်ခုနားရောက်တော့ ပွင့်နေတဲ့တံခါးချပ်ကြောင့် အသင့်ဖြစ်သွားကာ Jungkook အထဲဝင်ကာ တံခါးချက်ချင်းပိတ်လိုက်သည်။ ခဏကြာတော့ ပြေးလာတဲ့ခြေသံခပ်ဖွဖွကို ကြားလိုက်ရသည်။

တော်တော်ဇွဲကြီးတဲ့ ကျောင်းဆရာလို့သာ Jungkook မှတ်ချက်ချရင်း တံခါးကြားထဲမှ ချောင်းကြည့်လိုက်သည်။ ကျောင်းဆရာ ဘယ်တုန်းကအင်္ကျီပြောင်းလိုက်တာလဲ?။

ခပ်ရေးရေးသာမြင်နေရသည့် အပေါက်ကြားထဲမှ အပြင်ဘက်ကလူကို Jungkookတစ်ယောက် မရမက,အားပြုကာ ဖြဲရဲကြည့်နေမိသည်။

"Jeon Jungkook!!"

ဟင်။

နောက်ထပ် ခပ်လှမ်းလှမ်းဆီမှ တဘုန်းဘုန်းပြေးလာနေတဲ့ခြေသံကြောင့် Jungkook အံ့ဩသွားရသည်။ ဒါ ကျောင်းဆရာအသံမလား။

Jungkook အတွေးနှင့်အတူ အပေါက်ဝရှေ့မှာရပ်နေတာ ဘယ်သူများလဲဆိုပြီး သိချင်သွားရသည်။ ဘယ်လိုလုပ်ပြီး ဒီလူက စံအိမ်ရဲ့အနောက်ဘက်အထိ ရောက်လာတာလဲ? မဟုတ်သေးဘူး ဘယ်သူကဝင်ခွင့်ပြုလိုက်တာလဲ? ဘယ်အချိန်ကတည်းကလဲ?

"Jungkook shi!"

နီးကပ်လာတဲ့ Jiminရဲ့အသံကြောင့် ထိုလူစိမ်းတစ်ယောက် မကျေမနပ်ဖြစ်သွားကာ နေရာမှလှစ်ခနဲ ထွက်သွားတော့သည်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now