အပိုင်း (၁) {Z+U}

Start from the beginning
                                    

ပြန်ပေးသမားက ရှဲ့ချီ တိတ်နေသည်ကို မြင်
ပြီး ရယ်လိုက်သည်။ " သူဌေးသားသမီးတွေ
က​တော့ တကယ်ကို ကွာတယ်နော်။ တော်
တော် သတ္တိရှိနေတဲ့ ပုံပဲ၊ ဟုတ်လားကွ။ မင်းက စရိုက်ကလည်း ဆိုးတော့ မင်းကို သေ
အောင် ကစား​ပေးရတာပေါ့..."

ပြောနေရင်းပင် သူ့လက်ချောင်းတွေထက် ပို
တုတ်ခိုင်သည့် သံလှောင်အိမ်ကို ပတ်ထား
သော သံကြိုးများကို ဖြုတ်နေသည်။

သူရဲ့ ကြံရာပါကတော့ မရဲတရဲနှင့် သူ့ကို
တားလိုက်သည်။ " ဘော့စ် ဒီကလေးက တစ်
ခုခုတော့တစ်ခုခုပဲ။ သူ့ဖာသာ သေသေရှင်
ရှင်ဆိုပြီး ထားခဲ့လိုက်ရအောင်လားဗျာ။ ဘယ်လိုဖြစ်ဖြစ် ဒီထဲမှာ ရက်နည်းနည်း လောက်ပိတ်ထားလိုက်ရင် သေသွားလောက် မှာပါ..."

ပြန်ပေးသမားက သူ့ကို ပစ်ကန်လိုက်သည်။
" အလကားကောင်၊ ကလေးတစ်ယောက်
ကိုများ ကြောက်နေရတယ်ရှိသေး။ သူက ဘာလုပ်နိုင်မှာ.."

လှပသည့် ခပ်သွယ်သွယ်လက်တစ်စုံက ရုတ်တရက် ပြန်ပေးသမား၏ လက်ကောက် ဝတ်ကို ဖမ်းကိုင်လိုက်သည်။ နောက်ထပ် လျှပ်စီးတစ်လက်ပေါ်လာပြီးနောက် ရှဲ့ချီ ၏ အေးစက် ရက်စက်သည့် အပြုံးကို ပြန်ပေးသမား မြင်လိုက်ရသည်။

***

ရက်အနည်းငယ်ကြာပြီးနောက် မြို့ဆင်ခြေဖုံး
ရှိ စက်ရုံဟောင်းကြီးဖက်မှ သံသယ ဖြစ်ဖွယ်အနံ့ဆိုးများ ထွက်နေကြောင်း တစ်ယောက်ယောက်က ရဲကို ဖုန်းဆက်လိုက် သည်။ ထိုသူပြတင်းပေါက်မှ ကြည့်မိတော့ မြေပေါ်တွင် ဆံပင်အနက်ရောင်ကို တွေ့ရသည်။

ရဲများရောက်လာကြသည်။ နွေရာသီဖြစ်၍
အလောင်းများက ပုပ်သိုးနေကာ ယင်ကောင်
ခြင်ကောင်များ၏ စားတော်ပွဲဖြစ်လို့နေသည်။
မြင်ကွင်းကတော့ ကြည့်ဖွယ်ရှုဖွယ်ကို မရှိခဲ့။

ထိုလူနှစ်ယောက်သည် သူတို့ လိုက်ဖမ်းနေ
သည့် ရာဇဝတ်ကောင်အကြီးစားများ ဖြစ်ပြီး
အကြောင်းတစ်ခုခုကြောင့် ဤနေရာတွင် သေသွားကြကြောင်း ရဲများ သိလိုက်ရသည်။

အလောင်းများနားတွင် ပွင့်နေသည့် လှောင်
အိမ်တစ်ခုရှိပြီး ထိုနေရာတွင် ရုန်းကန်ထား
သည့် ခြေရာလက်ရာများရှိနေသည်။ ဤနှစ်ယောက်က မကြာခဏဆိုသလို ပြန်ပေးမှုကိုကျူးလွန်နေကြသူများဖြစ်ပြီး ပုံစံကလည်း တစ်ပုံစံတည်းပဲ ဖြစ်သော ကြောင့် အမှန်တရားကတော့ အရှင်းသားပင်။

ကိုယ်တူစိတ်ခွဲ ချစ်သူ ( 灵异片演员app)Where stories live. Discover now