စာစဉ် ၃၉ ( ၁ - ၈ )

Start from the beginning
                                    

“ဟိုလေ…သခင်မလေး ၀မ်ဝမ်၊ တစ်ဝက်တစ်ပျက်ကြီး ရှင်းမပြပါနဲ့ လား ။ သခင်မလေး မနေ့ ညက မိန်းကလေးတစ်ယောက်နဲ့  အတူရှိနေခဲ့တာ မလား…ဟုတ်တယ်မလား”

အခြေအနေသည် ကြီးသထက်ကြီးလာနေပြီဖြစ်သဖြင့်
သူမ ဆက်ညာနေလို့  မရတော့ပေ ။

ရီဝမ်ဝမ် ချောင်းအသာဟမ့်လိုက်ပြီး ဆက်ရှင်းပြလာသည် ။
“မိန်းကလေး မဟုတ်ဘူး…ယောကျာ်းလေးပါ….မနေ့ ညက ကျွန်မ ယောကျာ်းလေးတစ်ယောက်နဲ့  အိပ်ခဲ့တာပါ…”

ရွှီရီ၏မေးစေ့ အောက်သို့ ပြုတ်ကျသွားချေပြီ ။  “…”

သခင်မလေး ၀မ်ဝမ်…ထပ်ပြီး မနောက်ပါနဲ့ တော့ဗျာ ။

စီရီဟန်သည် စကားတစ်လုံးချင်းစီတိုင်းကို ဖိကာ ပြောလာလေပြီ ။
“ရီ ၀မ် ၀မ် ၊ ထပ်ပြောကြည့်လိုက်စမ်း”

စီရီဟန်၏အမူအရာမှာ ကလေးတွေသာမြင်လျှင် ကြောက်လွန်းပြီး
လန့် ငိုသွားနိုင်ပေသည် ။

“သူက ဘယ်သူလဲ” စီရီဟန် သူမအား ကြည့်လာကာ..
“ကုန်ရွှီ လား”

ရီဝမ်ဝမ် အံ့သြသွား၏ ။

ဟမ်…ကုန်ရွှီ လား ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။

ရီဝမ်ဝမ် တွေးလိုက်မိချိန် သူတို့ အနောက်ဘက်ကနေ ခြေသံလေး ထွက်လာသည် ။

သူတို့ အနောက်ဘက်ကနေ ပေါ်လာသည့် ပုံရိပ်ပိစိကွေးလေးကို ရီဝမ်ဝမ် ကြည့်လိုက်၏ ။

ရီဝမ်ဝမ် မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေလိုက်သည် ။
“သူက…အခု ရှင့်အနောက်မှာ ရောက်နေတယ်”

စီရီဟန် အံ့သြသွားပြီး ကျောတို့ တောင့်တင်းသွားသည် ။
သူ့ မျက်နှာမှာ ဖြူလျော်လာပြီး သွေးကြောတို့ မှာ ထိုးထိုးထောင်ထောင်ဖြစ်လာလေပြီ ။ “…”

ရွှီရီသည်ကား ရင်ထဲထိတ်လန့် နေလွန်း၍ အသက်ထွက်လုလု ဖြစ်နေပြီး မြန်မြန်ဆန်ဆန် လှည့်ကြည့်လိုက်သည် ။

အမ်…အဲ့ဒီကောင်က ပေါ်လာရဲတယ်လား…။

စီရီဟန်သည်လည်း ရီဝမ်ဝမ် ကြည့်သည့်ဘက်သို့  လှည့်ကြည့်လာလေပြီ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now