" ပေါက်စ ကိုကို တောင်းပန်ပါတယ်ကွာ ကိုယ့်ကိုလှည့်ကြည့်ပါအုံး "
တောင်းပန်စကားက အမှန်ဆို ပြောစရာမလို။ ဘာလို့ဆို ပေါက်စ သူ့ကို စိတ်မှမဆိုးတာ။ Couple ဝတ်ထားတာပဲကြည့်။ တမင်စကားပြန်ပြောအောင်ပြောလိုက်တဲ့စကားသာ။ ဒါပေမဲ့ဘေးရှိလူကုန်အံ့သြကုန်သည်။ ပေါက်စ စကားပြန်ပြောရေး ဒို့အရေးဖြစ်တာကြောင့် ဘယ်သူ့ကိုမှဂရုမစိုက်။ သူထင်သည့်အတိုင်း ခပ်ရွဲ့ရွဲစကားတစ်ခွန်းပြန်ပြောလာသည်။
" မသိဘူးလေ ကျွန်တော်က ကိုကို မမြင်ဘူးထင်နေတာ "
" ကိုယ့်ကို စိတ်ဆိုးနေတုန်းလား "
" omm "
" ကိုယ်ဘာလုပ်ပေးရမလဲ "
" ကျွန်တော်နားထိုင်နေပေး လာ "
တစ်ချက်ပြုံးကာ ပေါက်စနားဝင်ထိုင်လိုက်သည်။ နောက်တော့ ပေါက်စ ဘေးက ကောင်လေးကို ပြန်ဖို့မျက်ရိပ်ပြလိုက်တော့ ချက်ချင်းထကာ ပြန်သွားသည်။
" ကဲ ပြောပါအုံး စိတ်မဆိုးဘူးလည်းပြောသေး ကိုယ့်ကိုရွဲ့တဲ့အကြောင်းလေး "
" ဟီး တကယ်တော့ ဟိုကောင် Chen တွေလေ ကျွန်တော်က ကိုကို့ကို စိတ်ကောက်နေတယ်ထင်နေတာ အဲ့တာ ကိုကိုက ကျွန်တော့်ကို လာချော့မချော့လောင်းကြတာ "
KS လောင်းကြေးကိုတော့ ထည့်မပြောဖြစ်။ မဟုတ်ရင် ဒီနေရာမှာတင် ကိုကို အော်တာခံရပေမည်။
" aww အဲ့တာနဲ့ပဲ တွေ့တဲ့လူလက်ကိုဆွဲခေါ်လာတယ်ပေါ့လေ "
" ကိုကို ကလည်း ကျွန်တော်က သူ့နာရီကနေ ဆွဲခေါ်လာတာပါဗျ အသားတောင်မထိမိဘူး စိတ်မဆိုးနဲ့နော် "
ဆူမှာဆိုးလို့ ချွဲနေတဲ့ KS က Chan မျက်လုံးထဲမှာ အသည်းယားစရာ ကြောင်ပေါက်လေးတစ်ကောင်ပင်။
" ထားပါတော့ ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါဆို မရဘူးနော် "
" ဟုတ် ကျွန်တော်က လိမ္မာပါတယ် "
" ယုံချင်တယ်နော် ပေါက်စလေး "
" ကိုကို ကလည်းဗျာ "
" အဟင်း အဟမ်း ဘေးမှာလူတွေရှိတယ်ဆိုတာလည်း သတိရကြအုံး "
![](https://img.wattpad.com/cover/219857667-288-k551463.jpg)
Ch-46
Beginne am Anfang