အခုအရေးကြီးဆုံးအရာကအဲလ်ဗစ် အလျင်အမြန်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာပင်။လီလျိုက တွေးရင်းဖြင့်ရှောင်းချီကလူသားတွေရဲ့ ခန္တာကိုယ်ကိုစစ်ဆေးနိုင်တယ်လို့ပြောဘူး တာကိုမှတ်မိသွားသောကြောင့်ရှောင်းချီ အားအလျင်အမြန်ခေါ်လိုက်ပြီးရှောင်းချီ စကားပြောသည်အထိမစောင့်တော့ပဲ အစောတလျှင်ပြောလိုက်သည်။

[ရှောင်းချီမြန်မြန်ငါ့ကိုကူညီပြီး အဲလ်ဗစ်ရဲ့အခြေအနေကိုကြည့်ပေး]

[ကောင်းပါပြီခဏလောက် စောင့်ပေးပါhost]

ရှောင်းချီကအဲလ်ဗစ်ရဲ့အခြေအနေ အားလီလျိုရဲ့မျက်လုံးများမှတစ်ဆင့် မြင်လိုက်ပြီးချက်ချင်းပင်စကားပြော နေသည်ကိုရပ်ကာအဲလ်ဗစ်ရဲ့ခန္တာကိုယ် အခြေအနေအားအလျင်အမြန်စစ်ဆေး လိုက်သည်။

ခဏမျှအကြာမှာရှောင်းချီက လီလျိုအားပြောလိုက်သည်။

[ကြီးမြတ်တဲ့hostရေဇာတ်လိုက်ရဲ့ အခြေအနေကအရမ်းဆိုးနေတယ် သူ့နံရိုးနှစ်ချောင်းကျိုးသွားပြီးတစ် ချောင်းကသူ့အဆုတ်ထဲစိုက်ဝင်သွား တော့သွေးထဲကအောက်စီဂျင်တွေက တစ်ဖြည်းဖြည်းခြင်းဆီကျဆင်းလာ နေတယ်တကယ်လို့အမြန်ဆုံးကုသမှု မခံယူဘူးဆိုရင်နာရီအနည်းငယ်အတွင်း ဇာတ်လိုက်ရဲ့အသက်ဓာတ်အကုန်လုံး ဆုံးရှုံးသွားလိမ့်မယ်]

လီလျိုမှာရုတ်တရက်သူ့ခေါင်းတစ်ခု လုံးတုန်လှုပ်သွားသလိုပင်ခံစားလိုက် ရသည်။

သူအဲလ်ဗစ်ကိုနောက်ဆုံးစာမေးပွဲကနှု တ်ထွက်ခိုင်းလိုက်ရမလား?ဒါပေမဲ့ဒီကျ ရှုံးမှုပြီးသွားရင်အဲလ်ဗစ်ဆူးနက်ကနေနှင် ထုတ်ခံရလိမ့်မယ်ပြီးတော့အဲလ်ဗစ်က သိပ်မကြာခင်ကမှအကယ်ဒမီရဲ့စာကြည့် တိုက်ထဲကဒုတိယအဆင့်သတင်းအချက် အလက်တွေကိုပဲလေ့လာရသေးတယ် တကယ်လို့သူဆူးနက်ကနေဖယ်ထုတ်ခံ လိုက်ရမယ်ဆိုရင်သူနောက်တစ်ခေါက် စာသင်နှစ်ရဲ့နောက်ဆုံးစာမေးပွဲမှာအရမ်း ကြီးတဲ့အားထုတ်မှုကိုမလုပ်မခြင်းဒုတိယ အဆင့်ကိုမတက်နိုင်တော့ဘူးလို့ဆိုလို တာပဲ...အဲ့ဒါကအဲလ်ဗစ်အတွက်တကယ့် ကိုအချိန်ဖြုန်းတီးရာရောက်တယ်နောက် ပြီးဇာတ်ကြောင်းကလည်းအရမ်းကို ချော်သွားမှာ...အဲ့ဒါဆိုအနာဂတ်မှာ ဘာဖြစ်နိုင်မလဲဘယ်သူကသိမလဲ...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now