အပိုင်း(၁၁) အဆိပ်ခတ်ရန်ကြံစည်ခြင်း

Start from the beginning
                                    

*******************

ကောင်းကင်ပြင်တစ်ခုလုံး ကြယ်ရောင် လရောင်များဖြင့် တောက်ပနေသည်။ အေးချမ်းသော ညည့်ဦးယံတွင် မြို့တော်ဈေးသည် လူများစွာဖြင့် စည်ကားသိုက်မြိုက်နေသည်။

မီးပုံးများမှ အလင်းရောင်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်ကာ သာယာလှပလွန်းလှသည်။

ထိုကဲ့သို့ လှပလွန်းသည့် ရှုမြင်ကွင်းအား မရှုစားနိုင်သည့် မျက်နှာဆူပုပ်နေသော ချောမောလွန်းသူ သခင်လေးသည်လည်း လူကြားထဲတွင် ရှိနေသည်။

ရှေ့မှ လက်အား အတင်းဆွဲခေါ်ကာ သွားနေသော သခင်မလေး၏ ရုပ်ရည်သည်လည်း လွန်စွာလှပလွန်းသောကြောင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးသည် သူတို့နှစ်ယောက်အား သတိထားမိနေကြသည်။

"ရှင်းရန် နင်ငါ့ကို ပြန်ပေးဆွဲလာတာနော်...ငါက ဒဏ်ရာရထားသူ ဆိုတာလည်း သတိရဦး"

သူ၏ မကျေနပ်သော စကားသံကြောင့် ရှေ့မှ ဇွတ်သွားနေသော ရှင်းရန်သည် သူ့အား ပြန်လှည့်ကြည့်လာသည်။

"နင့်ပုံစံကြည့်ရတာ အကောင်းကြီးပါ...ဘာမှမဖြစ်တာသေချာတယ်...ငါတို့ ကလေးဘဝကတည်းကခင်လာတာ...နင့်မျက်နှာကြည့်တာနဲ့ နင်အဆင်ပြေမပြေ ငါသိတယ်...ခု နင်ဘာမှမဖြစ်အောင် သက်သာနေပြီမို့ ဆီမီးလွှတ်ပွဲကြည့်ရအောင် ခေါ်လာတာလေ...နင့်ကို အိမ်ထဲဘဲ မအောင်းစေချင်တဲ့ စေတနာနဲ့ပါ"

"နင် ခေါ်ရမယ့် အဖော်မရှိလို့ ငါ့ကို ပြန်ပေးဆွဲလာတာမလား...ငါ သိုင်းမတတ်တာ တကယ်ဆိုးတာပဲ...နင် ဆွဲခေါ်ရာပါလာရတယ်...နင့်ဖာသာ အိမ်ကခိုးကြောင်ခိုးဝှက်ထွက်လာပြီး ငါ့ကိုပါ အမှုပတ်အောင် လာလုပ်နေတယ်...ယွီလေးသာ ငါမရှိမှန်းသိလို့ကတော့ အိမ်တော်မှာ မိုးမီးလောင်နေလောက်ပြီ"

သူ၏ စကားကြောင့် ဆရာကြီးပုံစံနှင့် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြနေသော ရှင်းရန်ကို ကြည့်ပြီး ရီဟွား ပိတ်ရိုက်ချင်စိတ်အား မနည်းထိန်းလိုက်ရသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now