To/ Dear Baby... special part

56.7K 4.2K 89
                                    

#unicode

#zawgyi

အချိန်တွေက တစ်ဖြည်းဖြည်း ရှည်ကြလာတယ်.....ဒီလိုပါပဲအချို့သောအချစ်တွေက လေတိုက်ရာ အရပ် လွင့်ပါသွားတတ်သလို
အချို့သောအချစ်တွေကတော့ အရောင်တွေပိုမိုလင်းလက် တောက်ပလာတတ်တယ်.....

အသက်တွေကြီးတဲ့အခါ 

အချစ်ဟာ ဘာလဲလ်ို့ မေးတဲ့အခါကိုယ်ဘေးမှာကိုယ့်လက်ကိုတွဲ တဲ့သူပါပဲလို့ အရိပ်ညွန်ပြမိမှာပါ...

အသက်တွေ ကြီးလာတဲ့အခါ အာကာ ဟာ အရိပ်ရဲ့ လက်တွဲ ဖော်ကောင်းဖြစ်လာတယ်...

အရိပ်ဟာ အကောင်းဆုံးလူသား မဖြစ်ခဲ့ပေ့မယ်
အကောင်းဆုံးတွေပိုင်ဆိုင်ခဲ့ရတယ်...

အရိပ်နဲ့ အာကာတို့ရဲ့ သမီး မီးမီးရိပ်နီရဲ့ မဂ်လာပွဲမှာ အရိပ် ငယ်ငယ်တုန်းကလို အပြုံးချိုချိုလေးတွေနဲ့...

အာကာကတော့ သူပျ်ိုးထောင်ပေးတဲ့ပန်းလေးလှပလာတဲ့ ပိတိအပြုံးမျိုးနဲ့....

မီးမီးလေးဟာ အိမ်ထောင်ပြုပြီး နိုင်ငံရပ်ခြားကို
သူရဲ့ခင်ပွန်း ဖြစ်သူနဲ့ လိုက်သွားတော့မှာမို့ သားသမီးကို နှမျောစိတ် ကြောင့်ရင်ထဲမှာတော့ ဝမ်းနည်းနေကြမည်။

ဒါမယ့်ဖြစ်စေချင်တဲ့စိတ်ပျော်ရွင်စေချင်တဲ့စိတ်က ကြီးစိုးတဲ့အခါ ထိုဝမ်းနည်းစိတ်လေးသည် မှေးမှိန်းပျောက်ကွယ်သွားရတာပဲ....

ခမ်းနား ထည်ဝါခြင်းလို့ အမည် တွင်တဲ့
ဦးမင်းမြတ်ဟန်ပန်နှင့် ဦးလရောင်မှူးငယ်တို့
လာရောက်ချီးမြင့်တဲ့အခါ အာကာကော အရိပ်ပါ
ဝမ်းသာအားရကြိုဆိုကြသည်။

"ဦးမင်းမြတ်....ကျေးဇူးတင်ပါတယ်"

အရိပ်သည် ချိုမြိန်လှသောအပြုံးတွေနဲဦးဟန်က်ို
လှိုက်လှဲစွာကျေးဇူးတင်သည်။

"ဘာလို့လဲကွ..."

"တကယ်လ်ို့သမီးကိုသာ ဦးမင်းမြတ်က 
သူ့အမေဆီကမခေါ်ထားပေးလိုက်ရင် သမီးက အခုချိန်ဆို မိဘမဲ့ တစ်ယောက်​ဖြစ်နေမှာပါ..."

မင်းမြတ် အာကာကို ကြည့်လိုက်သည်။

"ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘဝထဲကို သမီးကိုပို့ပေးတာကျေးဇူးတင်ပါတယ်..."

To/Dear baby(Completed♥)Where stories live. Discover now