To/Dear Baby..."17"

63.8K 7.1K 1.8K
                                    

#unicode
#zawgyi

"မှူး..."

ဒီနေ့တစ်နေ့လုံးရှောင်နေတဲ့ မှူးကြောင့်
အရိပ်နေမရဖြစ်နေမိသည်။ ဘာလို့လဲ...သူနဲ့အရင်လိုပြန်ဖြစ်သွားပြီလား...အရိပ်အများကြီးကြိုးစားထားရတာမို့်
ဒီအခြေအနေကိုပျတ်သုန်းမခံနိုင်ဘူး....
အခုအခန်းထဲ သူ့ကိုလုံးဝအဖတ်မလုပ်တဲ့ မှူးနောက်ကိုလိုက်လာခြင်းပင်....

"မောင် ဘာအမှားလုပ်မိလဲဟင်..."

"ငါတို့်ကိစ္စကို ဦးဟန်သိသွားပြီ....အင်း....ငါပြောပြလိုက်တာအရိပ်...."

"ဘာလို့လဲ...မှူးကို ဆူသေးလားဟင်...မှူးကို ကိုယ်ထိလက်ရောက်လုပ်သေးလား...."

မှူးရဲ့ပခုံးလေးကို ဆုပ်ကိုင်ပြီး စိုးရိမိတကြီးပြောနေတဲ့
အရိပ်ကြောင့် မှူးစိတ်မကောင်းဖြစ်မိသည်။

အရိပ်ရဲ့ ဂရုစိုက်မှုကြား ပျော်မွေ့နေတဲ့မှူးသည်
ဦးဟန်ရဲ့ နားလည်ပေးမှု ခွငိ့လွတ်ပေးမှုဆိုတာ လက်မခံနိုင်ပေ...ချစ်တယ်ဆိုရင် သဝန်တိုရမယ်မဟုတ်လား...
မှူးငယ် တစ်ချိန်လုံးတွေးပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်သည် ဦးဟန်တကယ်ချစ်မချစ် သေချာသိချငိသည်။

သူကိုဥပက္ခာပြုထားတာလားဆိုတာကိုပင်...
တကယ်ချစ်ရင်အတ္တဆိုတာကပ်ပါလာတာပဲမဟုတ်လား....
ဦးဟန်ကို သဝန်တိုစေချင်သည်။

"ဘာလို့အဲလောက်စိုးရိမ်နေတာလဲ....ဦးဟန်ငါ့ကို ဘာမှမလုပ်ပါဘူး...ပြီးတော့ ငါကို ခွင့်ပြုတယ်...မတူညီတဲ့အချစ်ကိုခံစားကြည့်ဖို့လေ...အဟတ်..."

"ဘယ်လို....သူကခွင့်ပြုတယ်...."

ဒီတစ်ခါ အံ့သြသွားမိတာတော့ အရိပ်ပင်...
ဘယ်လိုလူကများ ကိုယ့်ရဲ့ အိမ်ထောင်ဘတ်တစ်ယောက်
အခြားတစ်ယောက်နဲ့သဘောကျနေတဲ့ ကိစ္စကို
နားလည်ပေးနိုင်တာလည်း....

အရိပ် ကြိတ်ပြုံးလိုက်မိသည်။
ဒါ ဦးမင်းမြတ်ကမှူး ကို မချစ်လိုပင်...
မှူးလည်းအရိပ်လိုတွေးနေမှာကို သိလိုက်သည်။

လူတွေက သူတို့်ရဲ့dark sideကိုဖုံးကွယ်ထားနိုင်လေ
သူတော်ကောင်းဖြစ်လေ ပဲမဟုတ်လား....

To/Dear baby(Completed♥)Where stories live. Discover now