To/ Dear Baby...."25"

64.3K 6.2K 434
                                    

unicode
#zawgyi

လေယာဉ်ဆိုက်တာနဲ့ ကျောင်းမှလာကြိုတဲ့အပြင်Ukမှာ အခြေစိုက်ထားတဲ့ ဦးဟန်ရဲ့ companyမှလည်းလူလွှတ်ထားတာမို့ ဘာမှ အဆင်မပြေတာမရှိ....

မှူးငယ်နေဖို့ကွန်ဒို တစ်ခန်းကို စီစဉ်ထားပြီး
ကျောင်းတောင်မတတ်ရသေးခင် အလုပ်ကအရင်စောင့်ကြိုနေပြီ မို့ဦးဟန်ရေ လို့်သာ အော်ပစ်ချင်မိတဲ့ အထိပင်...

ရောက်ရောက်ခြင်း ဦးဟန် ချိတ်စပ်ပေးထားတဲ့နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ဆီကို အရင်သွားတွေ့ရသည်။ သူ ရဲ့ ဒီဇိုင်းတွေကို မှူးငယ် တာဝန်ယူထားတဲ့ shopping centerမွာ ဖွင့်ရန် စာချုပ်ချုပ်ဆိုရသည်။

သူ့ရဲ့ ဒီဇိုင်းတွေကို မှူးငယ် တို့ စင်တာ မှာဖွင့်နိုင်ခဲ့ရင်မှူးငယ် projectက လုံးဝ အောင်မြင်လုနီးပါဖြစ်ပြီဟုဆိုလို့ရပြီပင်။

jasxလို့ နာမည် ကြီးတဲ့သူဟာ
အနောက်တိုင်းသွေးတစ်ဝက်ရောထားတဲ့ မြန်မာ တစ်ဦးပင်။
သူရဲ့ knittingတွေက သိပ်ကိုနာမည် ကျော်လှသည်။
သိုးမွှေးဆိုရင် အအေးပိုင်းတွေမှာဝတ်လို့ရတယ်ဆိုတဲ့အမြင်ကို ပြောင်းချင်ပါတယ်လို့ သူရဲ့ interviewတစ်ခုမှာဖြေကြားထားသလိုပင် သူ့ရဲ့ သိုးမွှေးပညာက တကယ့်ကို
Proဆန် စွာပင် မြန်မာနိုင်ငံလို အပူပိုင်းဒေသတွေမှာတောင်လိုက်ဝတ်လို့ရတဲ့ ထိကို ပညာ သားပါလှသည်။

(A/N ဒီနေရာမှာရေးထားတဲ့knittingနဲ့ပတ်သတ်တဲ့အင်တာဗျူးကို စတီဗင်ဦးကိုမြင်ယောင်ပြီးရေးသားထားကြောင်း
ဝန်ခံပါသည်)

jasxကိုယ်ပိုင် တံဆိပ်နဲ့ ထုတ်သလို တကယ့်ကမ်ဘာကျော်bandတွေမှာလည်း သူရဲ့ လက်ရာကို ထည့်သွင်းအသုံးပြုရန် ကမ်းလှမ်းခံရသူပင်......

JIXဆိုတဲ့ နာမည် ကို ဖောင်းကြွနေအောင်ထိုးထားတဲ့နေရာသို့ မှူးငယ်တစ်ချက်ကြည့်လိုက်သည်။

ဟူး...အဆင်ပြေမှာပါ ငါလုပ်နိုင်တယ်....
အရေးကြီးတဲ့သူမို့ ကွန်ဒိုခဏပြန်ပြီး
လဲထားတဲ့ အင်္ကျီကို တစ်ချက် သေချာပြင်လိုက်ပြီးရုံးထဲသို့ ဝင်လာလိုက်သည်။

"Mr jasxနဲ့ appointmentယူထားပါတယ်...King Groupက MD လရောင်မှူးငယ်ပါ..."

အတွင်းရေးမှူးမှလှမ်းအသိပေးပြီတာနဲ့
jasxရဲ့ ရုံးခန်းထဲသို့မှုးငယ် ဝင်လာခဲ့လိုက်သည်။

To/Dear baby(Completed♥)Where stories live. Discover now