To/Dear Baby..."3"

83.8K 7.7K 431
                                    

#unicode
#zawgyi

မနက်မိုးလင်းတာနဲ့ တင်းကျပ်စွာပွေ့ဖတ်ထားတဲ့ဦးဟန်ရင်ခွင်ထဲမှာ နိုးထလာရသည်။
နိုးထသင့်သော အချိန်ဟုသတ်မှတ်ထားသော အချိန်မှသာအိပ်ယာထရသည်။

အသားများများ ပါသော စွပ်ပြုတ်တစ်မျိုးမျိုး ဆန်ပြုတ်ကိုသောက်ရကာ
မှူးငယ်စားပြီးချိန်တွင်တော့ သူနဲ့အတူတူ
အခန်းထဲ ပြန်လာကာ သူ ပြောင်းပေးထားသောကျောင်းသို့သွားဖို့ ယူနီဖောင်းလဲရသည်။

Shirt လက်ရှည် အဖြူစွပ်စွပ်ပေါ်တွင်
နက်ပြာရောင်အကွက်လေးပါသည့်အင်္ကျီနဲ့ စတိုင်ပင်နက်ပြာယူနီဖောင်းဝတ်စုံကိုဝတ်ဆင်ကာ နာမည် လေးပါတဲ့ရွှေရောင်ကဒ်လေးကို ရင်ဘတ်မှာထိုးကာဦးဟန် ပြင်ဆင်ထားတဲ့ကျောပိုးအိတ် အဖြူလေးကို
လွယ်ပြီး ပြင်ဆင်ပြီးချိန်တွင်တော့
အလုပ်သွားရန်ပြင်ဆင်ပြီးတဲ့ ဦးဟန်ကျောင်းလိုက်ပို့မည်ဟုဆိုကာ ဦးဟန် ဖွင့်ပေးသောကား နောက်ခန်းသို့တတ်ကာ
ကျောင်းအသစ်သို့ကားလေးမှာမောင်းထွက်လာသည်။

တစ်လမ်းလုံး ပြတင်းပေါက်ဘက်ကိုပဲ ကြည့်ကာမှူးငယ် စိတ်လှုပ်ရှားနေမိသောကြောင့်
လက်ဖဝါးလေးနှစ်ဖက်ကိုပွတ်နေမိသည်အထိ....။ ကိုယ်ဟာ ဒီအသိုင်းအဝိုင်းနဲ့ကျင့်သားလုံးဝမရ..။

"လရောင်..."

"ဟုတ်ကဲ့ ဦးဟန်..."

ကိုယ်ဟန်အနေအထားကို ပြင်ကာ ခေါင်းငုံကာ ပြန်ထူးလိုက်သည်။

"သိမ်ငယ်မယ်တွေးတိုင်း မင်းမှတ်ထားရမှာက မင်းက king Groupရဲ့ ceo
ဦးမင်းမြတ်ဟန်ပန်ရဲ့တရားဝင် လက်ထပ် ထားတဲ့ခင်ပွန်း လရောင်မှူးငယ်ဆိုတာပဲ...မင်းခေါင်းတစ်ချက်ငုံ့ရင် ငါကို သိက္ခာချလိုက်တာနဲ့တူတူပဲဆိုတာ မှတ်ထားပါ..."

"ဟုတ်ကဲ့..."

"သိမ်ငယ်စရာမလိုဘူး...သိမ်ငယ်ရင် မင်းကို ဘယ်လောက်ပဲအဆင်အတန်းမြင့်မြင့်ထားထား အပိုဖြစ်နေမှာပဲ..."

ဦးဟန်ဆီမှာရော မသိမ်ငယ်ရလို့လားမေးချင်တယ်...
ငွေဝယ်ကျွန်ပုံစံ အသုံးတော်ခံသာသာပုံစံ သာသာဆက်ဆံတတ်တဲ့သူကကော မှူးငယ်ကို ဘယ်တုန်းကများ သူအိမ်ထောင်ဖက်လိုဆက်ဆံခဲ့လို့လဲ..သူ့အမိန့်နဲ့ သူ့စိတ်တိုင်းပဲ...

To/Dear baby(Completed♥)Where stories live. Discover now