To/ Dear Baby..."Extra final"

72.1K 6.1K 511
                                    

unicode
#zawgyi

သေချာ အားနဲ့ မာန်နဲ့ ခေတ်ဘတ်က ပြောနေပေ့မယ့် ထိုလူကတော့ ပြုံးတုံ့တုံ့လုပ်ကာ
ခေတ်ရဲ့မျက်နှာကို သေချာစိုက်ကြည့်ပြီး
ကော်ဖီ ကိုသာအရသာခံကာသောက်နေလိုက်သေးသည်။

ဘာလဲ ၊ဘာမှမဖြစ်ဘူးလား..အနည်းဆုံးတော့စိတ်တို တာမျိုးတော့ ဖြစ်သင့်တယ်မဟုတ်ဘူးလား...

"ဖေကြီး....ဂုဏ်ယူပါတယ်...ဟားဟ..ခခရဲ့
ဖေကြီးကသိပ်ကို ကံကောင်းတဲ့သူပဲ"

ပြုံးစိစိမျက်နှာနဲ့ ပြောနေတဲ့ ထိုကောင်လေးကိုခေတ်သေချာကြည့်လိုက်သည်။

ဦးမှာသားတစ်ယောက်ရှိတယ် ဆိုကြားထားပေ့မယ့် ဒီလောက်ကြီးတဲ့ကလေးလို့တော့ မထင်ထားမိ...သူနဲ့ မတိမ်းမယိမ်းကောင်လေးက ဦးရဲ့သားတဲ့လား...။

"ဖေ့အသက် ဖေ့အရွယ် ပြီးတော့ ခခဆိုတဲ့ သားလည်းရှိတယ်...ဒီလိုအချိန်မျိုးမှာ ဟော့ဒီက သားအရွယ် ကောင်လေးတွေကို ငွေတွေကြဲပီးSugar daddyလုပ်ပြီး တောင်တွဲနေရမှာလေ...ခုတော့ အဟမ်း... "

ခေတ်ကို တစ်ချက် ခပ်စွေစွေကြည့်လိုက်ပြီး

"ပဲခင်းရှိရာ ဆိတ်ကသွားမစားရပဲ ပဲခင်းကြီးကရွေ့လာပြီး စားပါ စားပါအော်နေတယ်.....
ဒီလိုအယုတ်အလတ်အမြတ်မရွေး ကြည်လွန်းတဲ့ ဖေ့လို လူမျိုးက ဖေကြီးမှ ဖေကြီးဖြစ်နေတာဆိုတော့ ခ ခဂုဏ်ယူပါတယ်..."

မင်းမြတ် တစ်ချက်သဘောကျစွာ ရယ်လိုက်သည်။ခေတ်သည်းမခံနိုင်တောတာမို့ ခုံကိုရိုက်ချလိုက်ကာ...

"ဘယ်လိုပဲရရ ဦး ကိုရအောင်ယူမှာ... ခေတ်ရှေ့မှာ ကြွေကျပြီး ခေတ်မှခေတ် နေတဲ့
ဦးလရောင်မှူးငယ်ကို ပြမယ်..."

"ယုံကြည်မှုရှိလား....မင်းယုံကြည်ရင်စမ်းကြည်လေ..."

"_"

" ငယ့်ကို မင်းလိုချင်တယ်ဆိုရင်
မင်းမှာအမြင့်ကို တတ်နိုင်မယ့် လှေကား လို့အဓိပ္ပါယ်ရတဲ့ ဘာအရည်အချင်းတွေရှိလဲ...."

ကော်ဖီကိုတစ်ငုံချင်းသောက်ကာအရသာခံပြောနေတဲ့ မင်းမြတ်...။

"မင်းသိလား.....ငယ့်ဆိုတာ မင်းတို့လက်လှမ်းမမှီတဲ့အမြင့်မှာတည်ရှိနေတဲ့နတ်ဘုရားလိုလူစားမျိုး... သူကအမြင့်ကနေပြီး မင်းတို့ မြေပြင်ပေါ်မှာ အရူးထနေတာကို ပျင်းရင်တစ်ချကိငုံကြည့်ပြီး စုတ်သတ်နေချင် စုတ်သပ်မယ်...အလွန့်အလွန့်ဆုံးဂရုဏာသပ်မယ်..."

To/Dear baby(Completed♥)Där berättelser lever. Upptäck nu