To/Dear Baby..."6"

73.4K 7.3K 267
                                    

unicode
#zawgyi

ကျောင်းယူနီဖောင်းကို အင်္ကျီကြယ်သီးတပ်နေတဲ့မှူးငယ်ရဲ့လက်ကလေးတွေကိုကိုင်ကာ
ဦးဟန်ကိုယ်တိုင်ကြယ်သီးတပ်ပေးပြီး
မှူးငယ်ရဲ့ ပါးပြင်ကို ငုံ့နမ်းလိုက်တဲ့ဦးဟန်....

"ညကြရင်partyတစ်ပွဲတက်စရာရှိတယ်...ဒီနေ့ကျောင်းက ၂နာရီအတန်းဆင်းမှာမှတ်လား ကိုယ်လာကြိုမယ်..."

"မလိုက်လို့မရဘူးလားဟင်..."

"မရဘူး...ယူခါစမို့ ကိုယ်က ပွဲတွေကိုမခေါ်သေးတာ ဒီနေ့ကစပြီး ကိုယ်တက်ရမယ့်
ပွဲတိုင်းမင်းလိုက်ရမယ် လရောင်.."

တစ်ခါမှအဲဒီလိုတွေမှူးငယ်မတက်ဖူးတာမို့်ကြောက်နေမယ်ဆိုတာမသိဘူးလား...အမြဲတမ်းအမိန့်ဆန်ဆန်အသံတွေကြားရတာ မှူးငယ်မုန်းတယ်... အစထဲကလည်းချစ်တာမှမဟုတ်တာလေ....

"မှူးငယ်ကြောက်တယ်...အဲလိုလူအများကြီးထဲမသွားရဲဘူး..."

"ဘာကြောင့်လဲ..."

"ဟင်..."

"ဘာကြောင့်ကြောက်ရလဲဆိုတာ အကြောင်းပြချက်ပေး...မင်းဆီကယုတ္တိရှိတဲ့ အကြောင်းပြချက်ဆိုရင်ကိုယ်လက်ခံပေးမယ်...."

မှူးငယ်အင်္ကျီအောက်ဖျားလေးကိုသာ လုံးချေနေမိသည်။
လူများတာ ကြောက်တယ်ဆိုမှ ဘာကြောက်လဲဆိုတော့ဘယ်လိုပြောရမလဲမသိဘူး....
လူများလို့ကြောက်တာ ကယုတ္တိရှိတဲ့အကြောင်းပြချက်တစ်ခုမှမဟုတ်တာ....

၁မိနစ်လောက်မျှ အခန်းတွင်းငြိမ်သတ်သွားပြီး

"မရှိဘူးလို့်ကိုယ်သတ်မှတ်လိုက်မယ်...မင်းရဲ့ပထမဆုံးမို့်စိတ်လှုပ်ရှားတာကိုကိုယ်လက်ခံတယ်....ပထမဆုံးအရာတိုင်းကိုစိတ်လှုပ်ရှားနေမှာမျိုးကိုတော့ကိုယ်လက်ခံမှာမဟုတ်ဘူးလရောင်..သဘောပေါက်တယ်မဟုတ်လား...ကိုယ်ပြောတာ..."

"ဟုတ်..."

ရင်ထဲမှာတော့ ဝမ်းနည်းစိတ်တွေကကြီးစိုးလာသည်။
မှူးငယ်ကဦးဟန်ထပ်ငယ်တာပဲ ...အသက်ဆို ၁၄နှစ်တောင်ကွာတာ....နည်းနည်းပါးပါးချော့ပြောလို့မရဘူးလား...
ဘယ်ချော့ပြောမလဲ...မှူးငယ်ကိုသူချစ်လို့်ယူထားတာမှမဟုတ်တာလေ....

To/Dear baby(Completed♥)Where stories live. Discover now