To/Dear Baby...."30 "

62.2K 5.7K 184
                                    

#unicode
#zawgyi

မှန်ရှေ့တွင်မိမိရဲ့ ပုံရိပ်ကိုအရိပ်သေချာကြည့်မိသည်။

အပြုံးအရယ် မရှိသောဖြူစုပ်စုပ် မှန်ထဲမှကောင်လေးသည်သူမဟုတ်ခဲ့သောအခြားတစ်ယောက်လိုပင်....

ဒီလို ဝတ်စုံတွေ မဝတ်တာဘယ်လောက်ကြာပြီလဲ... နေရောင်ခြည်ကိုမခံစားမိတာ ဘယ်လောက်ကြာပြီ....ဒီနေ့တော့ ထိုအရာတွေအားလုံး အဆုံးသတ်တော့မည်။

သူအဆင်ပြေတော့မည်။သစ်ပင်အိုကြီးလို ရှင်သန်ခဲ့ရတဲ့ သူဘဝရဲ့ တစ်စိတ်တစ်ပိုင်းဟာပြီးဆုံးတော့မည်။

"ဝါး....... ဒယ်ဒီရေ ဒယ်ဒီရေ... ဖေဖေကိုလာကြည့်ပါ အရမ်း ချောတာပဲ...."

အခန်းတံခါးဝမှာ ခေါင်းလေး သာ ဝင်ပြီး
အသာကြည့်ကာ အကျယ်ကြီးအော်ခေါ်လိုက်တဲ့
အာကာရဲ့ သမီး မီးမီးရိပ်ညီ

"မီးမီးရယ် အကျယ်ကြီးဘာလို့အော်....ဟင်.. အရိပ်..."

အမြဲ အခန်းထဲမှာ မိမိကိုယ့်ကို အပြစ်တင်စိတ်တွေ....ချစ်ရသူကိုခွင့်မလွတ်နိုင်မှုတွေနဲ့
ကိုယ့်ကိုကို လှောင်ပိတ်ထားတဲ့ အရိပ်ဟာ
သန့်ရှင်းသပ်ရပ်စွာနဲ့ ဝတ်စုံအပြည့် ဝတ်ထားတာမို့ အာကာ အံ့သြ သွားရတာမို့စကားတောင်
ဆက်မပြောနိုင်တော့....

"မီးမီး...."

"ရှင့်..."

အရိပ်ခေါ်တော့ ချက်ချင်း ထူးကာသူ့အခန်းထဲသို့
ခြေစုံချဝင်ကာ ဂါဝန်လေးနဲ့ ပြုံးရွှင်နေသော မျတ်နှာလေးနှင့်မီးမီး

"ဖေဖေနဲ့အကျီလှလှလေးဝတ်ပြီး အပြင်လိုက်မလား..."

အာကာ့ မျက်နှာ ကို ချက်ချင်းလှည့်ကြည့်ကာ မျက်လုံးလေးကလယ်ကလယ်နဲ့ ခွင့်တောင်းနေတဲ့ မီးမီးသည် တကယ့်ကိုအာကာရဲ့သမီးလိမ္မာလေး ပင်....

"မင်းကောလိုက်မလား....."

လက်ထပ်ပြီး တစ်နှစ်အတွင်း ပထမဦးဆုံးပြန်ပြောသောစကားတစ်ခွန်းပင်....

တိတိကျကျ ပြောရမည်ဆိုလျှင် သမီးငယ်လေးပေါ်လာပြီး အချိန်မှာ သူ့ကိုစကားလုံးဝမပြောတော့တဲ့ အရိပ်ဟာပထမဦးဆုံးသောစကားပြန်ပြောခြင်းပင်...

To/Dear baby(Completed♥)Where stories live. Discover now