တေလ်းနှင့်ဂါဒန်တို့မှာဘာမှမတတ်နိုင်ပဲ နောက်ပြန်ဆုတ်ကြရတော့သည်။အကယ် ၍သူတို့အခုမထွက်သွားရင်သေချာပေါက် ဒီမှာပဲသေရတော့မယ်ဆိုတဲ့ခံစားချက် တစ်ခုရလာသည်လေ။

အဲလ်ဗစ်ကဂါဒန်ရဲ့မျက်လုံးထဲကကြောက် ရွံ့မှုတိုးပွားလာသည်ကိုပုံမှန်အတိုင်းပဲ တွေ့မြင်နေရသည်။သူ့အဇူရာရောင် မျက်လုံးများကအေးစက်သည့်အပြာ ရောင်အလင်းတန်းတစ်ခုဖြတ်ပြေးသွား ခဲ့ကာသူ့လက်ထဲကမှော်ပစ္စည်းကိုမြှောက် လိုက်ပြီးပါးစပ်မှမှော်အစီအရင်တစ်ခု ရေရွတ်လိုက်သည်။ထိုအခါကမ္ဘာမြေပြင် ကတုန်လှုပ်သွားပြီးမြေကြီးထဲမှကြီးမား သည့်လက်ကြီးနှစ်ဖက်ပေါ်လာ၍တေလ်း နှင့်အဲလ်ဗစ်အားဆွဲထားလေ၏။

တစ်ချိန်တည်းမှာပဲအဲလ်ဗစ်ကသူ့မှော် ပစ္စည်းကိုအဝေးသို့ပစ်ထုတ်လိုက်ပြီး သူ့လက်ထဲတွင်နှင်းခဲလိုတောက်ပလှသည့် ရှည်လျားသောနှစ်ဖက်သွားဓားရှည် တစ်ချောင်းပေါ်လာခဲ့သည်။သူကဂါဒန် အစီအရင်ရေရွတ်လို့ပြီးသည်အထိမစောင့် ပဲဂါဒန်ရှေ့သို့ကြောက်စရာကောင်းလှသည့် မျက်လုံးများဖြင့်ချက်ချင်းပေါ်လာခဲ့ကာ ဂါဒန်ရဲ့ရင်ဘက်ထဲထိုဓားရှည်ကိုထိုးသွင်း လိုက်ရင်းသူ့နှလုံးကိုထိုးဖောက်လိုက် တော့သည်။

တစ်ခြားတစ်ဖက်မှာလည်းလီလျိုကသူ့ရဲ့ ချွန်ထက်သည့်လက်သည်းများကိုဆန့် ထုတ်လိုက်ပြီးသူ့ခြေသည်းများမှလေဓား များကပြင်းထန်သထက်ပြင်းထန်လာသည်။ထို့ကြောင့်သူခုတ်ပိုင်းချလိုက်သည့်အခါ ပတ်ဝန်းကျင်ပင်တုန်ခါသွားခဲ့သောကြောင့် တေလ်းရဲ့မျက်လုံးများကပြုးကျယ်သွား ခဲ့ပြီးကြောက်လန့်တကြားအော်ဟစ်ကာ သူ့ဘက်ကိုလာနေသည့်လေဓားများကို ရှောင်ရှားချင်ခဲ့သော်လည်းအဲ့ဒါကသူ့ လည်ပင်းအားဖြတ်သွားဆဲပင်။

လီလျိုကသူ့ရဲ့ခြောက်သွေ့နေသည့် နှုတ်ခမ်းများကိုလျှာဖြင့်လျှက်လိုက် ပြီးမြေပေါ်သို့ခြေထောက်လေးချောင်း ဖြင့်ကျသွားသည်။အရင်ကမ္ဘာမှာတုန်းက သူချင်ယုနဲ့နေရာများစွာကိုနှစ်အတော် ကြာလေ့လာရေးခရီးထွက်ခဲ့ပြီးနောက် မှာကြုံတွေ့ခဲ့ရမှုများကြောင့်အခုတော့ သူ့အနေနဲ့ရန်သူကိုသတ်ရခြင်းအပေါ် ကြောက်ရွံ့ခြင်းမရှိတော့ပဲအရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်လို့ပင် ခံစားရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now