အပိုင်း(၁၀) ထူးဆန်းလွန်းသော ရှင်း

शुरू से प्रारंभ करें:
                                    

ရှင်းသည် လက်ထဲတွင် ကိုင်ထားသော ရေခွက်အား သေချာကြည့်လိုက်၏။ ထို့နောက် မုန့်အမှုန်များ ကပ်နေသော ရေခွက်အစွန်းအား နှုတ်ခမ်းနှင့်တေ့၍ ကျန်ရေတစ်ဝက်အား သောက်လိုက်သည်။

ရီဟွား လန့်ဖျပ်သွားတော့သည်။

"ရှင်း အဲဒါ ကျွန်တော် ကျန်ထားတာလေ"

"အင်း"

ရှင်းသည် တစ်လုံးတည်းသော စကားဖြင့် သူ့အား ပြန်ဖြေလာသည်။ ဘုရင်ဖြစ်သော်လည်း အသန့်မကြိုက် မရွံရှာတတ်သော ရှင်းကြောင့် ရီဟွား အံ့အားသင့်သွားရသည်။

ရှင်းသည် ရေကုန်သွားသော ရေခွက်အား လင်ဗန်းထဲ ပြန်ထည့်လိုက်သည်။

"ထွက်သွားတော့"

ရှင်း၏ အမိန့်သံအဆုံး မိန်းကလေးသည် အရိုအသေပေးကာ အခန်းထဲမှ ထွက်သွားတော့သည်။

"ရှင်း အထိန်းတော်ချုပ်ကြီးရော"

" ရှောင်ဟွား သူ့ကို ရှောင်ကုန်းဇီလို့ ခေါ်လို့ရတယ်...ရှောင်ဟွား ​အိမ်တော်ပြန်ရင် အဆင်ပြေအောင် ကိုယ် သူ့ကို စီစဉ်ခိုင်းထားလို့"

ရီဟွား ရှင်းအား ခေါင်းညိတ်ပြလိုက်ပြီး ရှင်း၏ အိပ်ဆောင်အား ဝေ့ဝဲကြည့်လိုက်သည်။ လွန်စွာ ကျယ်ဝန်းပြီး ပစ္စည်းများ အားလုံးသည် ရွှေရောင်တောက်ပကာ ခမ်းနားလွန်းလှသည်။

'ငါ့ခေတ်မှာသာ ဒီပစ္စည်းတွေ ရောင်းစားလိုက်လို့ကတော့ သူ​ဋ္ဌေးဖြစ်ပြီပဲ"

ရီဟွား မျက်လုံးထဲ ငွေစက္ကူများအား မြင်ယောင်ကာ စိတ်ကူးဖြင့် တခဏမျှ ရူးနေလိုက်သည်။

"သက်သာရဲ့လား ပြန်အနားယူမလား"

ရှင်း၏ စကားသည် သူ၏ အတွေးများအား ဖြတ်တောက်ပစ်လိုက်သည်။

"ရှင်း ရှင်းရဲ့အိပ်ဆောင်ကို ဘယ်မိဖုရား ဘယ်ကြင်ယာတော်တွေ ရောက်ဖူးကြလဲ"

ရှင်းသည် သူ့အား ပြုံးကြည့်လာ၏။ ထို့နောက် စဉ်းစားသော အမူအရာလုပ်နေလေသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)जहाँ कहानियाँ रहती हैं। अभी खोजें