အပိုင်း-၂၁ (Unicode)

Comenzar desde el principio
                                    

"ဟေ့ကောင်တွေ။ဟိုမှာဘာဖြစ်နေကြတာလဲ မသိဘူး"

စာသင်ဆောင်ဘက်ကို သွားဖို့ ခြံတံခါးမကြီးအနားက အဖြတ်မှာ ထက်မာန်ဦးရဲ့ခြေလှမ်းတွေက တုံ့ဆိုင်းသွားလေသည်။ လွှမ်းကထုံးစံအတိုင်း ရေချိုးတာ နောက်ကျပြီး ပြင်လို့ဆင်လို့ မပြီးသေးတာမို့ ထက်မာန်ဦး စောထွက်ခဲ့ခြင်းဖြစ်သည်။

မိုးဝေတို့အုပ်စုကတော့ တစ်ယောက်နှင့်တစ်ယောက် တွတ်ထိုးပြောရင်း ခြံတံခါးမကြီးဆီ ကပ်သွားတာမို့ ထက်မာန်ဦးလည်း ဘာရယ်မဟုတ် အူကြောင်ကြောင်နှင့် သူတို့နောက်လိုက်သွားမိသည်။

"ဟာ။ ဘာတွေလဲ။"

"ဆွဲလားရမ်းလားတွေလုပ်ကုန်ကြပြီ။ ဘယ်သူမှ ဝင်မတားကြဘူးလား။"

တစ်ယောက် တပေါက်နှင့် ပြောနေကြတာကြောင့် ထက်မာန်ဦးရဲ့ စပ်စုချင်စိတ်လေးက အစပျိုးလာလေသည်။ ရှေ့ကနေ ပိတ်ကာထားတဲ့ အုပ်စုကြားထဲ ထက်မာန်ဦး အတင်းတိုးဝှေ့ဝင်လိုက်မိလိုက်တော့ စောင့်ကြိုနေတဲ့ မြင်ကွင်းဟာ ထက်မာန်ဦးရဲ့ နံနတ်ခင်းလေးကို အကျည်းတန်သွားစေလေသည်။

လမ်းရဲ့တစ်ဖက်ခြမ်းမှာရှိနေတဲ့ မျက်စောင်းထိုး အပြာရောင်အိမ်လေးရှေ့မှာ လူတွေက စုရုံးရောက်ရှိနေလေသည်။

"နင်လား။ ငါ့သားကိုမြူဆွယ်တာ။ဖြောင်း!"

ကတ္တရာလမ်းပေါ် လဲကျသွားတဲ့ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးဟာ ကိုမျိုးဖြစ်ကြောင်းကို အဝေးကလှမ်းကြည့်ရုံနှင့်ပင် သိလိုက်လေသည်။ ကိုအောင်သည် လဲကျနေတဲ့ ကိုမျိုးကိုပင် ထူမအားဘဲ ထိုခပ်ဝဝအမျိုးသမီးကြီးကို အတင်းတားနေရှာလေသည်။

"သူနဲ့မဆိုင်ပါဘူး။အမေ။တော်ပါတော့။လူကြားထဲမှာ ရှက်စရာလည်းကောင်းပါတယ်။"

"နင်တို့ရဲ့အခုကိစ္စကျတော့ ရှက်စရာမကောင်းဘူးပေါ့လေ။"

"တော်ပါတော့။မေမေရယ်။"

ထက်မာန်ဦး ထိုမြင်ကွင်းကိုကြောင်ပြီး ငေးကြည့်နေမိသည်။

ဒါဘာတွေလဲ။ ဘာတွေဖြစ်နေတာလဲ။

ထက်မာန်ဦး အသည်းအသန် စဉ်းစားပေမယ့် ခေါင်းထဲ ဗလာသပ်သပ်အတွေးတို့ကသာ စုပြုံဝင်ရောက်လာလေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Donde viven las historias. Descúbrelo ahora