စိုင်းဝေယံ အော်ဟစ်ဆဲဆိုလိုက်ရင်း နှာခေါင်းကိုလက်နှင့် ပွတ်ပစ်လိုက်သည်။ ထက်မာန်ဦးက သူလုပ်ချင်တာ လုပ်လိုက်ရလို့ တခွီးခွီးနှင့် ရယ်ရင်း စိုင်းဝေယံနား လာထိုင်သည်။
"မင်းဆဲတာ ခံလိုက်ရတာ နေသာထိုင်သာရှိသွားပြီ။"
စိုင်းဝေယံ ထက်မာန်ဦးကို မူပ်ကုပ်ကုပ်မျက်နှာပေးနှင့် လှည့်ကြည့်မိသည်။ ဆဲတာခံချင်လို့ စိုင်းဝေယံရဲ့ အေးငြိမ်းရာ ဘုံလေးကို လာပြသနာရှာတယ်ပေါ့လေ။
"အဲ့လောက်ဆဲခံချင်နေရင် ငါမင်းကိုတနေ့တနေ့ မင်းသက်စေ့ဆဲပေးမယ်လေ။"
ထက်မာန်ဦးက ထပ်ပြီးတော့ ရယ်သည်။ သစ်ပင်ကိုမှီပြီးခေါင်းမော့ရယ်လိုက်တဲ့အချိန်တောင် မျက်ဝန်းတွေက စေစေ့ပိတ်မသွား။ ငထက်မျက်နှာကအနည်းငယ် ခပ်သေးသေးဆိုတော့ ငထက်ရဲ့ မျက်ဝန်းအိမ်က တော်တော်ကြီးသည်။
ချစ်စရာရုပ်ကလေးနဲ့မှ မလိုက် ဒီပေါတောတောချာတာတာ ရွတ်နောက်နောက်ကောင်ဟာ ဝေလွှမ်းလို အေးတိအေးစက်လေးနဲ့ လိုက်လျောညီထွေ ပေါင်းနိုင်တဲ့ အပေါ် စိုင်းဝေယံကတော့ ဘယ်လိုနားမလည်နိုင်ခဲ့။
"ဝေလွှမ်းရော။"
"သူ့အိမ်နဲ့စကားပြောနေတယ်။"
ဝေလွှမ်းအိမ်က ဝေလွှမ်းနဲ့ စကားပြောပြီဆို အတော်ကြာတတ်သည်ဆိုတာတော့ စိုင်းဝေယံ သိထားသည်။
"မင်းက ငါ့ကိုမြင်တာနဲ့ လွှမ်းကိုဘဲမေးတယ်နော်။"
ငထက်ဆီမှာ မကျေမနပ်သံ ကြီးကထွက်လာသည်။ ဒီကောင်က စိတ်ထဲရှိလျှင် တည့်ပြောတတ်ပြီး သိုဖွက်ထားတတ်တဲ့ကောင်မှန်း မဟုတ်တာတော့ သိထားသည်။
"မင်းတို့နှစ်ကောင်ကအမြဲတတွဲတွဲမို့ မေးကြည့်တာပါ။"
သင့်တော်တဲ့ အဖြေတစ်ခုကိုသာ စိုင်းဝေယံ ပေးလိုက်မိသည်။
"ဟိုမှာ။ လွှမ်းလာနေပြီ။"
"လွှမ်း!!"
ထက်မာန်ဦးက စိုင်းဝေယံကို ပြောရင်း ဝေလွှမ်းကို လက်လှမ်းပြလိုက်တော့ ဝေလွှမ်းက စိုင်းဝေယံတို့ဘက်ကို လှည့်ကြည့်လာလေသည်။ လှည့်ကြည့်ခါစ ထက်မာန်ဦးကို မြင်လိုက်တဲ့ ဝေလွှမ်းမျက်နှာကကြည်လင်နေပေမယ့် ထက်မာန်ဦးဘေးက စိုင်းဝေယံကို မြင်လိုက်ချိန်မှာတော့ အနည်းငယ် မူန်မိူင်းသွားသည်ဟု ထင်လိုက်မိသည်။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...
အပိုင်း -၁၈ (Unicode)
Start from the beginning