အပိုင်း ၂၁

Start from the beginning
                                    

"အဖိုး အဖိုး!"

အဆောင်လေးရဲ့တိုင်လုံးကိုကိုင်ကာရပ်လိုက်ရင်း အဆောင်ထဲကိုကြည့်လိုက်တော့ လူစုံနေတာကို တွေ့လိုက်ရသည်။ နောက်ပြီး တောထဲမှာကျန်ခဲ့သည်ဟု သူတွေးကာစိတ်ပူနေရသော အစ်ကိုတော်သည်လည်း အဆောင်လေးထဲတွင် ထိုင်လျက်သား။

ပြည်တော်ပြန်ရှိရာကို တချက်မျှပင် လှည့်ကြည့်မလာသည့်အစ်ကိုတော်သည် ထိုမျှထိုရွေ့ပင် စိမ်းကားလွန်းလှပါသည်။ သို့သော် ပုံမှန်ထက်ခါးသက်နေသည်ဟု ထင်မြင်ရသောမျက်နှာထားကြောင့် ကင်နမ်ဂျွန်တစ်ယောက် ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ အနည်းဆုံးသော သူချစ်ရတဲ့သူက အန္တရာယ်ကင်းနေပြီမလား။

"ဘာကိစ္စများရှိလို့လဲ မောင်ရင်"

"အာ ဘာမှမဟုတ်တော့ပါဘူး အရေးမကြီးတာမို့ ခွင့်ပြုပါဦး"

ခေါင်းကုတ်ကာ ရယ်ကျဲကျဲပြောလိုက်ရင်း နောက်ကိုခြေတလှမ်းဆုတ်လိုက်သည်။ ပြီးသည်နှင့် အိမ်ပြန်ဖို့အတွက် နှုတ်ဆက်လိုက်သည်။ သို့တိုင်အောင် အစ်ကိုတော်သည် သူ့အားနည်းနည်းမျှပင် ငဲ့စောင်းမကြည့်ပါချေ။

"ကင်ဆော့ဂျင် ငါမင်းကို ဘယ်လိုမှာထားလဲ ဒီကိစ္စမှာ ဝင်မပါပါနဲ့လို့ ငါပြောထားတယ်မလား"

"တောင်းပန်ပါတယ်"

ခပ်ဖွဖွတောင်းပန်လာသော အစ်ကိုတော်ရဲ့စကားသံသည် အတင်းအကျပ်ဖိအားပေးမှုတို့ကြောင့်လားမသိ အနည်းငယ်တုန်ရီနေခဲ့သည်။ စားပွဲပုလေးပေါ်မှ အငွေ့တထောင်းထောင်းထနေသော ပန်းရေနွေးလေးသည် ဒီနေ့မှာမှ အကျည်းတန်နေသယောင်။

အစ်ကိုတော်ကို အဆောင်ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် အဖိုးဖြစ်သူအပါအဝင် တစ်မိသားစုလုံး သက်ပြင်းကိုယ်စီချလိုက်ကြသည်။

"အဖေရယ် တူလေးကိုအဲ့လောက်အထိ မဆူပါနဲ့လား"

"မဆူလို့မဖြစ်ဘူး နောက်ပြီး ဒီလိုတင်းကြပ်ရတာလည်း ဆော့ဂျင်အတွက်ပဲလေ"

ထို့နောက်တွင်တော့ မည်သူတစ်ဦးတစ်ယောက်ဆီကမှ အသံထွက်မလာ​တော့ပါချေ။ လှပစွာမျောပါနေသော ရေနွေးပန်းကန်လုံးလေးထဲမှ ပွင့်ဖတ်လေးတွေသည်လည်း အကောင်းဆုံးဖြစ်သွားမှာပါဟု အားပေးနေသယောင်။

❝𝐏 𝐀 𝐍 𝐍  𝐇 𝐋 𝐀 𝐘❞Where stories live. Discover now