" ကြာပန်လေးတွေက အကိုပြောသလို မဖြူစင်ပေမဲ့ အပြစ်ကင်းတယ် မသန့်ရှင်းပေမဲ့ စင်ကြယ်ပါတယ် အကို ။ ကြာပန်းလေးတွေက ရေရှိမှတင့်တယ်တာပါ အကို ရေမရှိရင် အသက်မရှင်နိုင်တဲ့ ကြာပန်းလေးတွေက သနားဖို့ကောင်းပါတယ် အကို ။ "

" ...... "

" ဂရုစိုက်ပါအကို နောက်တစ်ခေါက် ညီမတို့ရွာကိုပြန်လာမယ်လို့ယုံကြည်ပါတယ် အကို "

" ဟုတ်ပါပြီ ပြန်လာပါ့မယ် ပန်းအတွက်ကျေးဇူး ။ ငါသွားပြီ ဟျောင့်တွေ ။ Sehun မင်းလာရင် ငါနဲ့တွေ့မှာမဟုတ်လို့ ငါ့ သူငယ်ချင်းတွေကိုပြောထားတယ် သူတို့ကူညီလိမ့်မယ် ငါသွားပြီ လိမ်လိမ်မာမာနေကြကလေးပေါက်စတွေ "

Kai luhan ပေးတဲ့ ကြာပန်းလေးကိုယူပြီးနှုတ်ဆက်စကားပြောကာ ကားပေါ်တက်လိုက်သည်။ သူအဆင်မပြေပေမဲ့ သူ့သူငယ်ချင်းတွေအတွက် ပြုံးထားရအုံးမယ်မလား ။ နောက်ဆုံးအချိန်ထိ မျှော်နေတဲ့ကောင်လေးရဲ့အရိပ်ရောင်တောင်မတွေ့ရ။ နှုတ်ဆက်တယ် ကောင်လေး ကိုယ်မင်းကိုပြန်တွေ့နိုင်ပါစေလို့ဆုတောင်းနေမယ်။ ထွက်ခွါသွားတဲ့ကားလေးကိုကြည့်ရင်း ဘယ်သူမှမျက်နှာမလွှဲမိကြ။ lu ကတော့မျက်ရည်တွေဝဲနေလျက် ငိုချင်တာကို ချုပ်တီးထားပုံရသည်။ သူတစ်ယောက်သာလျှင် Baek နဲ့ Kai ရဲ့ပြဿနာကိုအစအဆုံးသိထားသူ။ မြင်ကွင်းထဲပျောက်သွားတဲ့ကားလေးကိုကြည့်ရင်း မျက်ဝန်းထဲမှာပြည့်အိုင်နေတဲ့ မျက်ရည်တွေလျှံကြလာသည်။ ဘယ်သူ့ကိုသနားလို့သနားရမှန်းမသိအောင် နှစ်ယောက်လုံးက သနားဖို့အရမ်းကောင်းနေသည်။

" lulu မငိုပါနဲ့တော့ဟာ နမိတ်မကောင်းအောင် "

Chen က ပြောလာတော့

" ငါ ငါ အရမ်းသနားလွန်းလို့ပါဟာ "

" အေးပါဟာ နင်ငိုလို့ဝမှပြန်ကြတာပေါ့ "

KS ကပြောလာသည်။

" ကျေးဇူးပဲ "

Luhan ငိုရင်ချော့မရ အကြာကြီးငိုတာကြောင့် Chan တို့ကို KS ပြန်ဖို့ပြောလိုက်သည်။

" အကိုတို့ပြန်နှင့်လေ ကျွန်တော်တို့ နောက်က လိုက်ခဲ့မယ် "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now