စိတ်ထိန်းကာ စကားပြန်ပြောနေပေမဲ့ လက်ဖျားတွေပူနေတာသူကိုယ်တိုင်သာသိသည်။

Kai သူ့ရှေ့ကကောင်လေးကိုကြည့်ပြီး စကားအစရှာမရဖြစ်နေသည်။ နောက်ဆုံးတော့

" ညီ ကိုယ်နဲ့ ဆည်လမ်းပေါ်လမ်းလျှောက်သွားရအောင်လေ "

ဆည်ရဲ့တစ်ဖက်မှာ အိမ်လေးတွေနဲ့အတူ လမ်းမကြီးကလည်းဖြူးနေသည် ။ ကားဆိုင်ကယ်တော့သွားမရပေမဲ့ အဲ့လမ်းမှာညနေဆိုလမ်းလျှောက်သူတွေနဲ့စည်သင့်သလောက်စည်သည်။ Kai က လမ်းလျှောက်သွားဖို့ခေါ်တော့ Baek မငြင်းမိ။

နှစ်ယောက်စလုံး လမ်းလျှောက်နေကြပေမဲ့ ဘာစကားမှမဆိုမိကြ။ လျှောက်နေရင်းရောက်လာမိတာက ကြာကန်နားတောင်ရောက်တဲ့အထိ ဘာစကားသံမှထွက်မလာသေး။ နှစ်ယောက်စလုံး ကြာပန်းတွေကိုငေးနေရင်း

" ညီ ကြာပန်းတွေကိုလှတယ်လို့ထင်လား "

" အင်း...........ဘာလို့မေးတာလဲအကို"

" ဘာကြောင့်လို့ထင်လဲ ညီ "

" မေးခွန်းချည်းပဲဗျာ "

" ကိုယ်မေးတာကိုအရင်ဖြေလေ "

" ကျွန်တော်ကတော့ သနားတယ်ဗျ "

" သနားတယ်? "

" အင်း ကျွန်တော်ဖြေပြီးပြီးဆိုတော့ အကိုဖြေပေးလေ "

" ဘယ်မေးခွန်းလဲ "

" အကို့ရဲ့ပထမမေးခွန်းလေ "

" အကိုက ကြာ ကိုမုန်းတယ် ညီ "

" .... "

" ဘာကြောင့်လဲလို့ မမေးတော့ဘူးလား "

" ဟင့်အင်း အကိုလဲ ကျွန်တော့်ကို မမေးခဲ့ဘူးမလား "

" ဟက် ညီ က လူကြီးလေးပဲ "

" ထင်လို့ပါဗျ ။ ဒါနဲ့ ကျွန်တော့်ကို ကြာပန်းအကြောင်းပြောဖို့ခေါ်လာတာတော့မဟုတ်ဘူးလား "

" ဟုတ်တယ် ညီ ။ ကိုယ် ညီ့ ကို ချစ်တယ်လို့ပြောမလို့ "

" ပြောမလို့ဆိုတော့ မပြောသေးဘူးပေါ့ "

" ဟင့်အင်း ကိုယ် ညီ့ကိုချစ်တယ် "

" ..... "

" ..... "

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now