'မဟုတ်ဘူး။ဝမ်အွန်း တစ်ခုခုရဲ့ အဖြေကိုသိရဖို့စောင့်နေတာ'

'ဒါနဲ့ တစ်ကယ်ပဲ ဆန်နဲ့ ဆေးတွေကို ဂိုဂူလျော ကနေတင်သွင်းမှာလား မင်းကြီး။အဲ့ကဈေးနဲ့ဆိုရင် ဒီမှာပြန်ရောင်းဖို့အဆင်မပြေလောက်ဘူး'

'ငါကကော ဂိုဂူလျောကနေ တင်သွင်းမယ်လို့ ထင်နေတာလား'

'ဒါဆို ဘာလို့ အဲ့လိုအမိန့်ထုတ်ထားတာလဲ'

'အမြစ်ပြတ်ရှင်းချင်လို့'

ဝမ်ယောလ် စကားကို sehun နားမလည်တာကြောင့်

'ဝမ်အွန်း ရဲ့ သစ္စာတော်ခံတွေက အခုထိရှိနေတုန်းပဲ။ဝမ်အွန်းရဲ့ အမိန့်ကိုစောင့်နေတာ။ပြီးတော့ ဝမ်အွန်း က ဘတ်ဂျယ်နဲ့ မိတ်ပျက်ခံမှာမဟုတ်ဘူး။အဲ့တော့ ဝမ်အွန်း အမိန့်ပေးတာနဲ့ သူ့လူတွေ လှုပ်ရှားကြလိမ့်မယ်'

'ကြင်ယာတော် ဝမ်အွန်း က အခုထိ နန်းတော်ထဲမှာပဲရှိတာပါ။နန်းတော်ထဲမှာကလည်း သူ့လူတွေမရှိတော့ဘူး။ဘယ်လိုအမိန့်ပေးလို့ရမှာလဲ'

'မနေ့က ဈေးထဲမှာ အနီရောင်စာရွက်တွေ ရောင်းမလောက်အောင်ဖြစ်ခဲ့တယ်။ပြီးတော့ နေရာအနှံ့မှာ လျှောက်ကပ်ကြတယ်'

'အဲ့ဒါက အချက်ပြမှုတစ်ခုလား'

'ဟုတ်လောက်တယ်။အရောင်တွေနဲ့ အမိန့်ပေးခဲ့တာ။အနီရောင်ဆိုရင် ဆန့်ကျင်ပြီး အဖြူရောင်ဆိုရင် လက်ခံတာ။ဝမ်အွန်း က ငယ်ငယ်လေးကတည်းက အရောင်တွေနဲ့ ဆော့ရတာကိုကြိုက်တယ်လေ။လူအများရာလက်ခံထားတဲ့ အရောင်တွေရဲ့ အဓိပ္ပါယ်မဟုတ်ဘဲ ကိုယ်ပိုင် အဓိပ္ပါယ်နဲ့ အရောင်တွေကို အမိန့်အဖြစ်သုံးတတ်တယ်'

'ဒါဆို အခုအနီရောင်ကိုသုံးတယ်ဆိုတော့ ဆန့်ကျင်တာ……ဆားကုန်သည်အဖွဲ့ကို လမ်းမှာ အလစ်တိုက်မှာလား'

sehun ဝမ်ယောလ် ကို အလန့်တကြားလှမ်းကြည့်လိုက်တော့ ငါစီစဉ်ပြီးပါပြီဆိုသည့် အကြည့်ဖြင့် ကြည့်လာခဲ့သည်။

ဝမ်ယောလ် မျက်နှာတွင် ကျေနပ်မှုတွေက အတိုင်းသားပေါ်နေသည်။သူလိုချင်တာ ဒါပဲ။ဝမ်အွန်း ကိုဘေးနားမှာ ထားပြီး ဝမ်အွန်း ရဲ့ အကြံအစည်တွေအားလုံးကို ရိုက်ချိုးပစ်ချင်တာ။သူလောက် ဝမ်အွန်း ကိုနားလည်နိုင်မည့်သူလည်း မပေါ်နိုင်ပေ။

The ThroneWhere stories live. Discover now