အဲလ်ဗစ်ကစားပွဲအံဆွဲထဲမှကြောင် လေးအိပ်ပျော်သည်အထိသူ့ရဲ့ရှည် လျားသည့်အမွှေးလေးများကိုပွတ်ပေး နေပြီးနောက်မှသူ့လက်ကိုပြန်ဆွဲထုတ် လိုက်ကာစင်ပေါ်မှဆရာသင်ကြားပေး နေသည့်သင်ခန်းစာများကိုဂရုတစိုက် လိုက်နားထောင်လိုက်သည်။

............

သူစိန့်ဟယ်လာအကယ်ဒမီသို့ဝင်ပြီး နောက်အတန်းတက်တာကလွဲရင် သူ့အချိန်အများစုကိုစာကြည့်တိုက် ထဲမှာကုန်ဆုံးစေသည်။

စိန့်ဟယ်လာအကယ်ဒမီရဲ့စာကြည့် တိုက်ကိုအဆင့်သုံးဆင့်ဖြင့်ခွဲခြားထားသည် : ပထမအဆင့်ကတပည့်အားလုံးအတွက် ဖွင့်ပေးထားသော်လည်းဒုတိယနှင့်တတိယ အဆင့်များကဝင်ရန်တစ်ချို့သောကိုက် ညီမှုများလိုအပ်သည်။

ဒုတိယအဆင့်ကဆူးနက်အတန်းက အတန်းသားများအတွက်ဖြစ်ပြီး တတိယအဆင့်ကတော့အကယ်ဒမီရဲ့ စစ်ဆေးမှုများကိုဖြတ်ကျော်နိုင်ပြီး ဆရာသုံးယောက်ရဲ့ထောက်ခံချက် ကိုရရှိမှသာလျှင်ဝင်ခွင့်ရမှာဖြစ်လေသည်။

သို့သော်အဲလ်ဗစ်အတွက်ကပထမဆင့် နှင့်ဒုတိယဆင့်ကိုဝင်ရောက်နိုင်ရင် လုံလောက်နေပြီဖြစ်သည်။အကြောင်း ကတော့တတိယအဆင့်ကသူမလိုအပ် သည့်ပိုမိုအဖိုးတန်သောအဆင့်မြင့် မှော်စာလိပ်များကိုထိန်းသိမ်းထား တာဖြစ်ပြီးယခင်စိန့်မေးဂတ်စ်ချန် ထားပေးခဲ့သည့်သူ့လက်ထဲမှမှော်စာ လိပ်များကတတိယထပ်မှာသိုလှောင် ထားသည့်ပမာဏများထက်ပိုမိုအဖိုး တန်ပြီးစွမ်းအင်သည်လည်းခန့်မှန်းရ ခက်လှသည်။

လွန်ခဲ့သောလအနည်းငယ်အတွင်း အဲလ်ဗစ်ကပထမထပ်မှာရှိသည့် အရေးကြီးသောအခြေခံကျသည့် စာလိပ်များအားလုံးကိုစစ်ဆေးပြီး သားဖြစ်၏။ဒါ့အပြင်ဆရာများ သင်ကြားပေးထားသည့်အသိပညာ များပါထပ်ပေါင်းထည့်လိုက်သည့် အခါကျတော့အဲလ်ဗစ်ကသူတစ်နေခဲ့ သည့်ကြယ်လေးပွင့်အငယ်တန်း မေးဂတ်စ်အဆင့်မှအတားအဆီးများ လျော့နည်းလာသည်ဟုခံစားလာရသည်။ ခန့်မှန်းခြေအားဖြင့်သူသာအချိန်နည်းနည်း ပိုယူလိုက်ရင်သိပ်မကြာခင်ပဲကြယ်ငါးပွင့် အဆင့်ကိုချက်ချင်းဝင်ရောက်နိုင်လောက် သည်။

(Completed )The Transmigration Routine of Always Being Captured by MLDonde viven las historias. Descúbrelo ahora