လီလျိုမှာဈေးဆိုင်မှာရှိသည့်ပစ္စည်း များအားလုံးကိုအကြမ်းဖျင်းလိုက်ဖတ် နေရင်းဖြင့်တစ်ညလုံးမအိပ်ခဲ့ရပေ။ အထဲမှာအရမ်းစိတ်ဝင်စားစရာကောင်း တဲ့အရာတစ်ခုကိုတွေ့တော့လီလျိုက ဝယ်ဖို့တွန်းအားတစ်ခုရခဲ့သော်လည်း သူ့ဆန္ဒကိုပြန်ပြီးဖိနှိပ်လိုက်သည်။ပြီး တော့လည်းသူ့မှာကအဲ့ဒါကိုအသုံးပြု နိုင်ဖို့အခွင့်အရေးတစ်ခုပဲရှိတယ်လေ အကယ်၍နောက်တစ်ခုကိုထပ်လိုချင် တယ်ဆိုရင်တိုးတက်မှုဇယား(၃၀%) ထိရောက်အောင်ထပ်စောင့်ရပေမည်။

ဒီအချိန်မှာအခုချိန်ဘယ်လိုပစ္စည်းမျိုး ကိုသူအလိုအပ်ဆုံးလဲဆိုတာသိတာကြောင့် ရလဒ်အနေနဲ့သူအနည်းငယ်စိတ်ပျက် နေမိသော်လည်းလက်ရှိသူ့အတွက် အကောင်းဆုံးဖြစ်မည့်ပစ္စည်းအား ဆက်ရှာနေလိုက်သည်။

နောက်ဆုံးမှာလီလျိုကပစ္စည်းတစ်ခု ကိုရွေးချယ်လိုက်၏။ထိုပစ္စည်းက အဲလ်ဗစ်နှင့်သာမာန်အချိန်များမှာ စိတ်နဲ့စကားပြောနိုင်ယုံသာမကသူ သားရဲပုံစံရှိနေတဲ့အချိန်မှာပါထိုလူကို တိုက်ရိုက်စကားပြောနိုင်သည်။ ထပ်ပေါင်းပြောရရင်ထိုပစ္စည်းက သူပြောလိုက်သည့်စကားများကို မှန်ကန်လာစေနိုင်သည့်အပိုစွမ်းရည် လည်းပါရှိသည်လေ။သို့သော်လည်း ထိုစွမ်းရည်ကအချိန်ကြာလာရင်လျော့ ကျလာနိုင်ပြီးသူ့ထက်ပိုပြီးစွမ်းအားမြင့် တဲ့သူများအပေါ်တွင်အသုံးမပြုနိုင်ဘူး။ ပြီးတော့အချိန်အကန့်အသတ်ကသူ ပထမကမ္ဘာမှာအသုံးပြုခဲ့တဲ့Universal အသွင်ပြောင်းဆေးနဲ့တူသည်။

နောက်တစ်နေ့မှာလီလျိုကဆရာ ရှင်းပြနေသည့်အသံကိုနားထောင် နေရင်းမနေနိုင်ပဲတစ်ဝါးဝါးသန်းကာ သူ့မျက်ခွံများကဆက်တိုက်ပိပိကျ လာနေသည်။

အဲလ်ဗစ်ကလီလျိုရဲ့ထိုလှုပ်ရှားမှု သေးသေးလေးကိုသတိပြုမိလိုက် သောကြောင့်စားပွဲအံဆွဲထဲမှကြောင် လုံးလေးရဲ့မေးစေ့ကိုသူ့လက်ညှိုး လေးဖြင့်ကုတ်ပေးနေလိုက်ပြီးစိတ် ကိုသုံး၍ပြောလိုက်သည်။

[အိပ်ငိုက်နေရင်အိပ်လေအတန်းပြီး ဖို့ကအချိန်တော်တော်ကြာဦးမှာ]

[အင်းဒါဆိုငါအိပ်ပြီနော်]

လီလျိုကနောက်တစ်ကြိမ်ထပ်သန်း လိုက်ပြီးသူ့ခြေထောက်လေးနှစ်ချောင်း ကိုသူ့မေးစေ့အောက်မှာထားကာမျက် လုံးလေးမှိတ်လိုက်ပြီးဆရာစာသင်နေ သည့်အသံကိုနားထောင်ရင်းဖြင့် အလျင်အမြန်အိပ်ပျော်သွားတော့လေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now