အပိုင်း-၁၆ (Zawgyi)

Start from the beginning
                                    

"သူတို့နဲ့တူတူတထုပ်တည်းပေးလိုက်ရင် မင်းအင်္ကျီကို သူတို့ ယူသွားမှာစိုးလို့ နောက်မှသပ်သပ်ပေးမယ်ဆိုပြီး ထားထားတာ။"

ဒါဖြင့်ရင် ဒါက ထက်မာန်ဦးအတွက် သီးသန့်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးတာမျိုးပေါ့။ ပြီးတော့ ဆင်တူလေး။ ထက်မာန်ဦးရဲ့ ပါးစပ်က နားရွက်တက်ချိတ်မတတ်ဖြစ်သွားတော့သည်။

"အခုမင်းထမင်းသွားစားတော့မလား။"

အနားကနေ ထသွားတဲ့ လွှမ်းကို ထက်မာန်ဦးလှမ်းမေးလိုက်မိသည်။ အကျင်္ီကိုတော့ သေချာပြန်ပြီး သပ်သပ်ရပ်ရပ်လေး ထုတ်ပိုးလိုက်မိသည်။

"အင်း။စားတော့မယ်။"

ထက်မာန်ဦးတစ်ခုခုမေးမယ်ဟန်ပြင်လိုက်ပေမယ့် တုံ့ဆိုင်းသွားမိသည်။ တခြားတော့မဟုတ်။ ကိုမင်းဥာဏ်အကြောင်းပင်။ သို့ပေမယ့် အခုမှ ပြန်အဆင်ပြေသွားတဲ့ လွှမ်းနဲ့ ထက်မာန်ဦးကြားမှာ ထပ်ပြီး ကတောက်ကဆဖြစ်မှာ မလိုလားတာမို့ ထက်မာန်ဦး အသာ ငြိမ်နေလိုက်မိသည်။

မေမေပြောသလို လွှမ်းရဲ့ အချစ်ရေးကိစ္စတွေထဲ ၀င်ပါပြီး မပတ်သက်တော့တာဘဲ ကောင်းမည်။ လွှမ်းကတော့ အိမ်အောက်ထပ်ကိုဆင်းသွားပြီး စားသောက်ဆောင်ဘက်ကို ၀င်သွားလေသည်။ ထမင်းစားပြီးတဲ့ ထက်မာန်ဦး အပေါ်ထပ်မှာဘဲ ငြိမ်မနေချင်တော့တာမို့ အိမ်အောက်ထပ်ကိုဆင်းသွားလိုက်မိသည်။

အိမ်ရှေ့ဧည့်ခန်းရဲ့ ကပ်လျက်မှာတော့ မေမေ့ရဲ့ ရုံးခန်းရှိနေလေသည်။ မေမေ့ရဲ့ရုံးခန်းရှေ့က အဖြတ်မှာဘဲ ရုံးခန်းရှေ့ ဖိနပ်တရံကို မြင်လိုက်ရသည်။ သားရေဖိနပ်ပါးလေးဟာ ခြေချောင်းဖြူဖြူလေးတွေနဲ့ အမြဲလို ယှဉ်တွဲမြင်ရလေ့ရှိတာမို့ တထီးတည့် သီးသီးသန့်သန့် မြင်လိုက်ရချိန်မှာ ထက်မာန်ဦး စိတ်ထဲ တမျိုးဖြစ်သွားလေသည်။ အမှတ်မထင် ဟနေတဲ့ တံခါးကနေ လှမ်းကြည့်လိုက်ချိန်မှာတော့ အခန်းထဲက မေမေ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ ကိုမင်းဥာဏ်ရဲ့ကျောပြင်ကျယ်ကို တွေ့လိုက်ရလေသည်။

"တီချယ်လည်း စိတ်မကောင်းပေးမယ့် ကလေးတွေရဲ့အရေးကို စဉ်းစားပေးပြီး ဆုံးဖြတ်လိုက်ရတာပါ။ တီချယ်တို့က ယောင်္ကျားလေးသီးသန့်ဆောင်ဆိုတဲ့အခါကျတော့ မင်းရဲ့ Sexual Desire က ပြသနာဖြစ်နေတယ်။ "

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now