အဘိုးအိမ်မှာ မရှိတဲ့ ရက်တွေဆို ရိပေါ်က ထမင်းတစ်နပ်ကို စားရရင်ပြီးရော ဆိုသလို ဖြစ်သလိုသာ စားတတ်တယ်..
ရေမိုးချိုးပြီး ပုခုံးပေါ် သဘက်အပါးတစ်ထည်တင်လို့ ပြန်ထွက်လာတော့ စားပွဲပေါ်မှာ ရေနွေးထည့်ပြီး တင်ထားခဲ့တဲ့ အသင့်စားခေါက်ဆွဲက စားလို့ရလောက်တဲ့ အနေအထား..
ခေါက်ဆွဲပြုတ်ပူပူကို တဖူးဖူးမှုတ်လို့ စားနေတုန်း မက်စေ့ခ်ျဝင်သံကြောင့် အနားမှာတင် ချထားတဲ့ ဖုန်းကို ဖွင့်ကြည့်ရတယ်..
ကျောင်းနားက ပန်းခြံမှာစောင့်နေပါမယ် ဆိုတဲ့ တိုတိုရှင်းရှင်း စာတစ်စောင်...
ကျန့်ကော?? ကျောင်းချိန်ကလွဲရင် တွေ့ဖို့မချိန်းတတ်တဲ့ ကျန့်ကောဆီက စာဖြစ်လို့ စားလက်စကို ချလို့ ချိန်းထားရာဆီ ပြေးရတယ်..
"ကျန့်ကော.." အမောတကောပြေးလာတဲ့ ရိပေါ်က စောင့်ခိုင်းလိုက်ရလို့ တောင်းပန်ဖို့လည်း မမေ့..
"ကျန့်ကော မိုးဖွားလေးတွေကျနေတာကို ဘာလို့ထီးမစောင်းတာလဲ?? ကျွန်တော့် သဘက်နဲ့ သုတ်ပေးမယ်ရလား??"
ရေချိုးပြီးထွက်လာထဲက တင်ထားတဲ့ သဘက်က ပုခုံးပေါ် ဒီအတိုင်းပါလာကြောင်း လမ်းတစ်ဝက်မှ သတိထားမိလို့ ပြန်သွားထားရင် ကြာနေမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီအထိပါလာတာဖြစ်တယ်..
ရလား ဆိုတဲ့ အမေးစကားကို သစ္စာဖောက်လို့ ရိပေါ်ရဲ့ သဘက်ကိုင်ထားတဲ့ လက်အစုံက ရှောင်းကျန့်ရဲ့ ခေါင်းပေါ်ကို ဖွဖွလေး ပြေးနှင့်နေပြီ..
"ခဏလေး သည်းခံ.. ခြောက်တော့မှာ.."
"ရပါတယ်.. မသုတ်ပါနဲ့.."
"ဘာမှမရပါဘူး.. မဟုတ်ရင် ကျန့်ကော အအေးပတ်တော့မယ်.."
သူ့ထက်ခေါင်းတစ်လုံးနီးပါး ပိုမြင့်တဲ့ ရှောင်းကျန့်ရဲ့ အရပ်ကြောင့် ရိပေါ်က ခြေဖျားကိုထောက်လို့ ဆံပင်ခြောက်ဖို့ကိုသာ အားသန်နေတယ်.. အနည်းငယ် ခေါင်းငုံ့ပေးထားတဲ့ ရှောင်းကျန့်ရဲ့ မျက်လုံးတို့ကို မမြင်ရတာကြောင့်လည်း ဝမ်းနည်းရိပ်တို့ကို သတိထားမိပုံမရ..
"အစ်ကို ရုတ်တရက် သဘောပေါက်သွားပြီ ထင်တယ်.."
"ဟင်.. ဘာကိုလဲ??" ဆံပင်သုတ်မပျက်စေရပဲ ရိပေါ်က ပြန်မေးခွန်းထုတ်တယ်..
YOU ARE READING
Except Your VOICE (Completed)
FanfictionUnicode အကြားအာရုံ ချို့ယွင်းနေတဲ့ကောင်လေး ကြားရတဲ့ တစ်ခုတည်းသော ရှင်းလင်းတဲ့ အသံပိုင်ရှင် ကောင်လေး... လူတွေရဲ့ဖယ်ကျဉ်ခြင်းခံရပြီးနောက် လူတွေနဲ့ဝေးရာဆီမှာ နေတတ်လာတဲ့ကောင်လေးဆီ ပွင့်လင်းပြီး အပေါင်းအသင်းများတဲ့ ကောင်လေးက ဝင်ရောက်လာတဲ့အခါ.... Zawgyi အ...
PART 6(Unicode)
Start from the beginning
