PART 6(Unicode)

3.1K 345 12
                                        

ဆေးရုံမှာထဲက ရှုပ်ထွေးစပြုနေခဲ့တဲ့ စိတ်ခံစားချက်တွေကြောင့် တဖြောက်ဖြောက်ကျနေတဲ့ မိုးစက်‌တွေကို ဂရုမစိုက်အား... ‌ထီးတစ်ချောင်းကို ဖြစ်သလိုမိုးထားရင်း ကျောင်းရဲ့ပန်းခြံနားမှာ တဝဲလည်လည်.. အိမ်မှမပြန်ချင်သေးပဲ... ပျက်ယွင်းနေတဲ့မျက်နှာကို မားမားမရိပ်မိအောင် ဟန်ဆောင်နိုင်ဖို့ ဒီမှာပဲ နေဖြစ်ဦးမယ် ထင်ပါရဲ့..

"စီနီယာရှောင်း???"

တွေးမိ‌‌တွေးရာ တွေးနေတုန်း ခေါ်သံသဲ့သဲ့ ကြားရလို့ကြည့်မိတော့ ရိပေါ်ရဲ့ သူငယ်ချင်းယွီပင်း..

"စီနီယာရှောင်း ဟုတ်နေတာပဲ.."

တစ်ယောက်ထဲနေချင်လို့မှ ဒီမှာ နေနေခဲ့တာမဟုတ်လား...ရှောင်းကျန့်နဲ့လည်း မရင်းနှီးသလို ရိပေါ်နဲ့အတူရှိတာကိုပဲ တစ်ခါနှစ်ခါမြင်ဖူးတဲ့ ယွီပင်းက နှုတ်ဆက်လာတော့လည်း ရိပေါ်သူငယ်ချင်းဆိုတဲ့ အသိနဲ့ ခေါင်းငြိမ့်လို့ အသိအမှတ်ပြုရတယ်..

"စီနီယာရှောင်း ရိပေါ်ဆီက ကြားမိ‌သေးလား??"

"ဟင်??"

"မိန်ဟွားအကြောင်းလေ"

"ဆောရီးနော်.. အစ်ကို သိပ်မကြားရလို့.. နည်းနည်း.."

"အာ... ရပါတယ် အထွေအထူးမဟုတ်ပါဘူး.. ဆောရီး ဆောရီး..
ရိပေါ်က အစ်ကိုမှားတာဘာမှမရှိဘူး မိန်ဟွားမှားတာလို့ပြောခဲ့လို့.."

"မိန်.. ဟွား??" ယွီပင်းပြောတာကို ခုထိရှောင်းကျန့်က နားမလည်သေးဘူး သူကဘာတွေမှန်လို့ တစ်ဖက်က ဘာတွေမှားနေတာလဲ??

"အယ်.. ရိပေါ်က အစ်ကို့ကို ဘာမှမပြောဘူးလား?"

"သူတို့ ဘာဖြစ်ကြလို့လဲ??"

"အဲ့လိုမျိုးတော့ မဟုတ်ပေမယ့်...
အမှန်တော့ အစ်ကို သတိထားမိမလား မသိပေမယ့် မိန်ဟွားက ရိပေါ်ကိုကြိုက်တာ မဟုတ်ပဲ စီနီယာရှောင်းကို ကြိုက်တာတဲ့လေ..
အဲ့ဒါကြောင့် ရိပေါ်က စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်သွားပုံပဲ.. သူတစ်ကယ် စိတ်ပျက်သွားပုံရတယ်.."

ယွီပင်းပြောပြလာတဲ့ အကြောင်းအရာတွေက သူ့အတွက်တော့ အသစ်အဆန်းတွေသာဖြစ်လို့နေတယ်.. ရိပေါ်က ဘာလို့များ ဒီကိစ္စနဲ့ ပတ်သတ်လို့ တစ်ခွန်းတလေမျှတောင် ပြောမပြခဲ့တာလဲ.. ဆိုတဲ့ အတွေးကသာ ရှောင်းကျန့်ခေါင်းထဲ ကြီးစိုးလို့နေတော့တယ်.. သူ့ရှေ့ကယွီပင်းလည်း ဘယ်ချိန်က ပြန်သွားမှန်း သတိမထားမိ.. စီနီယာရှောင်းလို့ ခေါ်သံရော နှုတ်ဆက်သံပါ ကြားမိသလိုတော့ ရှိပါရဲ့..
✨✨✨

Except Your VOICE (Completed)Where stories live. Discover now